Thursday 24 February 2011

အိုးဝေမူဝါဒ

အိုးဝေသတင်းဂျာနယ်၏ အခြေခံမူများ...

(၁) အိုးဝေသည် အမိမြန်မာပြည်ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တဖက်တလမ်းမှာ အားထုတ် ကျိုးပမ်းနေသော ဂျာနယ်ဖြစ်သည်။
(၂) စစ်အာဏာရှင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ပြည်သူဖက်မှ ခိုင်မာစွာ ရပ်တည်၍ အမှန်တရားကို ဖော်ထုတ်ရေးသား မြင့်တင်သော ဂျာနယ်ဖြစ်သည်။
(၃) အမှန်တရားသည် ''မုချအောင်မြင်ရမည်'' ဟူသော ပြတ်သားသည့် ခံယူချက်ကို ကိုင်စွဲပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ဆန္ဒနှင့် ခံစားချက်များကို ဖော်ပြသော သတင်းဂျာနယ်ဖြစ်သည်။

( ၄ ) ကျွန်ုပ်တို့၏ အိုးဝေသတင်းဂျာနယ်သည် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်အပေါင်းနှင့် မြန်မာပြည်သူလူထုကြီးအား ကိုယ်စားပြုသော သတင်းဂျာနယ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် အိုးဝေသတင်းဂျာနယ်သည် ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်အပေါင်းနှင့် မြန်မာပြည်သူလူထုကြီးဖက်မှ အမြဲတမ်း ''ဘက်" လိုက်  နေလျှက်ရှိနေပေတော့သတည်း။

No comments:

Post a Comment