Thursday 2 February 2012

တိုးတက်လာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ

နောင်တော်လေး tripleblue1@gmail.com

1:36 AM (2 hours ago)

to thithtoolwin9, me, nyinaymin, kp3site
တိုးတက်လာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ပြောလို့ မကုန်တဲ့ အကြောင်းအရာတွေက
များစွာရှိတယ်။ Online လို့လူငယ်လေးတွေပြောနေကြတဲ့ Internet ထဲမှာ
အသိုင်းအ၀ိုင်းတစ်ခုက သီးခြားရှိနေတယ်။ ဘယ်အသိုင်းအ၀ိုင်း
လဲလို့ဘလော့ဂါ(Blogger)တွေပါ။ စာပေ လောကနဲ့ နှိုင်းယှဉ်ပြီးပြောရရင် ဘလော့
ဂါတွေကလည်း သူတို့အသိုင်းနဲ့ သူတို့ စည်းစည်းလုံးလုံး ရှိကြတာကို တွေ့ရပါ
တယ်။ Blogger ဆိုတာက Google က Free ပေးထားတဲ့ servic တစ်ခုပါ။ ဒီ ကောင်က
Website တစ်ခုလို ဖန်တီးခွင့် ပေးထားတာဖြစ်တဲ့ အတွက် စာရေးလို သူ၊
နည်းပညာမျှဝေလိုသူ၊ ဘာသာရေး အားလုံးကို ဘလော့စာမျက်နှာပေါ်မှာ
မြင်တွေ့ရမှာပါ။ ဘလော့ဂါတွေကို အားကြပြီး အသုံးပြုလိုသူ လူငယ်လေး
တွေအတွက် ဘလော့ကို ဘယ်လို create လုပ်ရမယ်။ လန်းဆန်းလှပအောင် ဘယ်လို
တန်ဆာဆင်ရမယ် စသည်အား ဖြင့် အထောက်အကူ ဖြစ်မယ့် ဘလော့ နဲ့ သက်ဆိုင်တဲ့
နည်းပညာတွေကို သီး သန့် မျှဝေပေးနေတဲ့ ဆိုဒ်တစ်ခုကိုလည်း တွေ့မြင်ရပါတယ်။
KP3 family (www. kp3family.blogspot.com) မှာ Blogger နဲ့သက်ဆိုင်တဲ့
နည်းပညာအားလုံး ဖတ်ရှု ပြီး ကိုယ်ရေးမယ့် ဘလော့လေးကို လာ ရောက် ဖတ်ရှုသူတွေ
စိတ်ဝင်စားမှု ရှိအောင် ပြင်ဆင်နိုင်ပါတယ်။
ကွန်ပျူတာနယ်ပယ်ထဲကို ၀င်လာ တဲ့ လူငယ်လေးတွေဟာ ဘယ်နေရာက ပညာရနိုင်မလဲ။
မသိသေးတာ မကျွမ်း ကျင်သေးတာ တွေအတွက် အထောက် အကူရနိုင်မယ့် နေရာတွေကို
ရှာကြ ဖွေကြရတာပဲ။ ဒီလိုကွန်ပျူတာ နယ်ပယ် ထဲ ရောက်လာပြီဆိုတာနဲ့
ကျွန်တော်တို့ အစောဆုံး ရင်းနှီးခွင့် ရတာတော့ ကိုညီနေမင်းရဲ့ နည်းပညာ
မျှဝေပေးတဲ့ ဘလော့ပဲဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် မသိတာ အကူအညီလိုတာ
အားလုံးကို ကိုညီနေမင်းက တတ်နိုင်သလောက် ကူညီဖြေရှင်း ပေးတယ်ဗျာ။
သူ့ဘလော့ လိပ်စာကတော့ (www.nyinaymin.org)။ ဒီဆိုဒ်ဟာ ကိုညီနေမင်း
အသစ်ပြောင်း လိုက်ရတဲ့ဆိုဒ်ပါ။ အစောပိုင်းက ကိုညီ နေမင်းရဲ့ဆိုဒ်ကို
မတော်မလျှော်တဲ့ ရုပ်ပုံ တွေနဲ့ ဆင်တူရိုးမှားလုပ်ပြီး အထင်လွဲ အမြင်လွဲ
ဖြစ်အောင် တိုက်ခိုက်တာမျိုး လည်း တွေ့မြင်လိုက်ရပါတယ်။ ဒါက
အစောပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ ကိုညီ နေမင်းရဲ့ မွေးနေ့အတွက် တင်ထားတဲ့
ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ရတော့ သူရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး
တိုက် ခိုက်မှုတွေလုပ်လုပ် ရည်ရွယ်ချက်က သူကွန်ပျူတာနယ်ပယ်ထဲ
ခြေစုံပစ်ဝင်တဲ့ အချိန်မှာ ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး အခု
အနေအထားမျိုးမှာ ကွန်ပျူတာနယ်ပယ် ထဲကို ရောက်လာတဲ့ လူငယ်လေးတွေ အတွက်
တက်နိုင်သလောက်အကူအညီ ပေးနေခြင်းပါပဲတဲ့။ မိဝေးဖဝေးတိုင်းတပါး
မှာသွားရောက် အလုပ်လုပ်ကိုင်ရင်း အချိန်လုပြီး အကူအညီ တောင်းလာတာ တွေ
မေးမြန်းလာတာတွေကို တက်နိုင် သလောက်ဖြေရှင်းပေးနေဆဲပါပဲ။
နောက်တစ်ခုက စာရေးဆရာ အမည်မခံတဲ့ ဘလော့ထဲကစာရေးဆရာ တွေပါ။ သူတို့တွေဟာ
စာမူခရတဲ့ စာရေး ဆရာတော့မဟုတ်ဘူး။ ပုံနှိပ်စာလုံးပေါ် မတင်ရပေမယ့်
သူတို့တွေရဲ့ ရေးသားမှု တွေမှာရသမြောက်စာပေတွေ၊ ဗဟုသုတ ပေးနိုင်တဲ့
အကြောင်းအရာတွေ များစွာ ပါဝင်ပါတယ်။ ကိုယ်တွေမသိနိုင်တဲ့ နိုင်ငံ တကာမှာ
ရောက်နေတဲ့ Blogger တွေ ဟာ သူတို့တွေ့ရကြုံရတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို
မျှဝေပေးနေခြင်းဟာ ကိုယ်တိုင် မရောက်ပေမယ့်လည်း ကမ္ဘာ
တစ်ခွင်ကအဖြစ်အပျက်တွေကိုဗဟုသုတ အဖြစ် ရရှိစေနိုင်ပါတယ်။ သူတို့တွေ
အချိန်ပေးပြီး ဘလော့ရေး နေကြတာ ငွေကြေးအတွက် မဟုတ်ဘူး။ မျှော်လင့်
လို့လည်းမရပါဘူး။ သူတို့မှာ ၀ါသနာအခံ ရှိတယ်။ စာရေးဆရာတွေကို အားကျ တယ်။
တတ်နိုင်သလောက် ကြိုးစားပြီး ရေးကြတယ်။ သူတို့အတွက် အစားထိုး စာမူခကတော့
မှတ်ချက် တွေပါပဲ။ဘလော့တွေဟာ တစ်ခုနဲ့တစ်ခု လင့်ချိတ် ထားကြပြီး
အပြန်အလှန်ဖတ်ရှုကြတယ်။ မှတ်ချက် ပေးခဲ့ကြတယ်။ အဲဒါ သူတို့ အတွက်
စာမူခပါပဲ။
ပြည်ပမီဒီယာ တစ်ခုက အယ်ဒီတာ တစ်ယောက်ရဲ့ အပြောအရြူသါါနမ တွေရဲ့
အခန်းကဏ္ဍဟာ အရေးပါလှပါ တယ်တဲ့ ။ ရုရှားမှာ ဖြစ်ပျက်သွားတဲ့ သတင်းတစ်ခုနဲ့
ပတ်သက်ပြီး ဘယ် သတင်းကမှ မတတ်လာသေးတဲ့ အချိန် မှာ ဘလော့တစ်ခုမှာ အားလုံး
စုပြုံပြီး ၀င်ကြည့်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပါ။ Blogger တွေဟာ
ကိုယ်နဲ့နီးစပ်ရာမှာ ဖြစ် ပျက်နေတဲ့သတင်းလို့ဆိုရမလားပြဿနာ လို့ပြောရရင်
ပိုကောင်းပါတယ်။ သတင်း ထောက်မဟုတ်ပေမယ့် သူတို့ရဲ့ မျှဝေမှု ကြောင့်
ဒုက္ခရောက်နေတဲ့ ပြဿနာ သော်လည်းကောင်း၊ မတော်မတရားမှု တွေကိုသော်လည်းကောင်း
အားလုံးသိရှိ ပြီး ၀ိုင်းဝန်းဖြေရှင်း ပေးနိုင်ကြပါတယ်။ သုံးသပ်ချက်
တွေကိုပါ လွတ်လပ်စွာရေး သားကြတဲ့အတွက် ဖတ်ရှုသူအနေနဲ့ အမှန်အမှားကိုပါ
တစ်ခါတည်း သိရှိနိုင် တဲ့ သတင်းမျိုး ဘလော့ဂါတွေက ဖန်တီး
နိုင်ပါတယ်။ယနေ့အချိန်မှာတော့ Facebook လိုအများသုံး Social Network ကို
လူကြီး၊လူငယ် အသုံးများလာတဲ့အတွက် ဘလော့ဂါတွေရေးသမျှအကြောင်းအရာ တွေကို
င်္ခေနဘသသု ပေါ်မှာ တွေ့မြင်ကြရ မှာပါ။
နောက်ဆုံး ဘလော့ တစ်ခုကို အညွှန်းပြုချင်တာက ကိုသစ်ထူးလွင်ရဲ့ Myanmar
News Now ဆိုတဲ့ ဘလော့ ဟာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ပြည်တွင်း ပြည်ပ
သတင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို စုစည်းဖော်ပြ ပေးထားတဲ့ အပြင်
ပေးပို့လာတဲ့ သတင်းတွေကို လည်း ဖော်ပြပေးနေတာတွေ့ရလို့ သူရဲ့ ဘလော့ဟာတော့
မီဒီယာတွေအတွက် အထောက်အကူပြု ဘလော့ တစ်ခုလို ဖြစ်နေပါပြီ။ ဒါအပြင်
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာ သတင်းတွေကိုလည်း
လင့်ချိတ်ပေးထား ပါသေးတယ်။ မြန်မာသတင်းအစုံအလင် ကိုဖတ်ရှုနိုင်လို့
လာရောက် ဖတ်ရှုသူများ ကလည်း အစဉ်မပျက်ရှိနေတာ တွေ့ရပါ တယ်။
ရည်ရွယ်ချက်ကောင်းတွေနဲ့လုပ်နေ ကြသူတွေကို ချီးမွမ်းပြီး ဒီလိုဘလော့ထဲ
မှာပဲ ဘာသာတရားကို စော်ကားတဲ့ သဘောတွေ အပုပ်ချတဲ့ တိုက်ခိုက်မှုမျိုး
တွေလည်း တွေ့ရတော့ ဒီမိုကရေစီ လူ့ အသိုင်းအ၀ိုင်းမှာ
လွတ်လပ်ခွင့်ဘောင်ကို ကျော်လွန်သွားပြီ ဆိုတာလဲ သုံးသပ်မိပါ တယ်။
အင်တာနက်ဆိုတာကတော့ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် လွတ်လပ်မှု ကို
အခွင့်ကောင်းယူပြီး အလွဲသုံးစား မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါ တယ်။
မြန်မာပြည်မှာ အင်တာနက် အသုံး ပြုသူလူဦးရေဟာ အလွန်နည်းသေးတဲ့ အတွက်ရော
နိုင်ငံတကာစံချိန်စံညွှန်းညီ မဖြစ်သေးတဲ့အတွက်ပါ တွင်ကျယ်မှုက တော့
နည်းနေပါသေးတယ်။ Blogger ဆိုတာမျိုးကိုလည်း ကြည့်ရှုလို့မရအောင် ပိတ်ဆို့
ထားခဲ့တဲ့အတွက် လူငယ်တွေ အလွယ်တကူမသိနိုင်ကြ သေးပါဘူး။ အခုအချိန်မှာတော့
ဘလော့တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ပြီဖြစ်လို့ မည်သူ မဆို
ကိုယ်နှစ်သက်ရာ မျှဝေဖြန့်ဖြူးနိုင် မယ့် အကြောင်းအရာတွေကို အလွယ် တကူ
မျှဝေလိုတယ်ဆိုရင် Blogger ထဲမှာ ၀င်ရောက်ဖန်တီးပြီး ရေးသားနိုင်ကြပါပြီ။
အင်တာနက်လိုင်းမကောင်းလို့ ပြောနေ ကြတာကိုလည်း အင်တာနက် အသုံးပြု
သူလောက်ပဲသိမယ်။ တိုးတက်မှု နောက် မှာ နှေးကွေးစွာ ကျန်ရစ်ခဲ့ရတာက မလို
အပ်ဘဲ ထိန်းချုပ်မှုတွေ လွန်ကဲနေလို့ပါ။ ဘလော့စာမျက်နှာတွေကို အလွယ်တကူ
ဖတ်ရှုခွင့် ရလာလို့ Blogger တွေကို လေးစား အားကျမိတဲ့ အကြောင်းမျှဝေ ရင်း
ဂုဏ်ပြုလိုက်ခြင်းပါ။ ။



နောင်တော်လေး (ဘိုကလေး)

ကျွန်တော်၏ လေးစားမိသော ဘလော့ဂါ ဆောင်းပါးတွင် တည်ဆဲအစိုးရနှင့်မည်သူ
တစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်စော်ကားခြင်းမပါ။ ဘလော့ဂါများကို အညွှန်းပြု၍
ဆောင်းပါးလေး တစ်ပုဒ်ဖြစ်အောင် ရေးသည်။ ကိုယ်တိုင်စိတ်တိုင်းကျ။
သို့ပေသော်ငြားဖြုတ်ချက်များလွန်းလှ၍ မခံမရပ်နိုင်ဖြစ်ရသော်လည်း
ကျွန်တော် မည်သို့မျှမတတ်နိုင် ဖြုတ်ချက်များကို အနီရောင်ဘောင်ကွက်၍
ကြက်ခြေခတ်လိုက်ပါသည်။ လွတ်လပ်ပြီ ထင်၍ ဤဆောင်းပါးကို
ရေးလိုက်ခြင်းဖြစ်သော်လည်း မလွတ်လပ်သေးကြောင်း သက်သေနှင့်
တကွပို့လိုက်သည် ။
လေးစားရပါသော အကို ဘလော့ဂါများခင်ဗျား
DSCN7323.jpg DSCN7323.jpg
395K View Share Download

No comments:

Post a Comment