Tuesday 20 September 2011

တုတ်ကြီး (ခေတ္တ-သာဝတိံသာ) ၏ “ဥုံ ဖွ ဟယ် ... ယုံကြကွယ်”

Tuesday, September 20, 2011



ဥုံ ဖွ ဟယ် ... ယုံကြကွယ်
တုတ်ကြီး (ခေတ္တ-သာဝတိံသာ)

ကျနော်က အချက်အလက်စုရန် ပျင်းသောသူတယောက် ဖြစ်ပါသည်။ ယခုတလော ကြားနေမြင်နေရသည့် ကိစ္စများအား Research စာတမ်းတခု ရေးရန် စိတ်ကူးရှိသော်လည်း Research ဆိုသည်နှင့် research method တခုခုကို ကိုင်ရမည်။ ပိုမိုပျင်းရိဖွယ် စာအုပ်များကို ပြန်ဖတ်ရမည်။ field ဆင်းလေ့လာရမည်။ Interview များ ဆောင်ရွက်ရမည်ဆိုသည့် ကရိကထများသည့် အလုပ်များကို မလုပ်လိုပါ။ ထိုအလုပ်များကို လုပ်ရန်အတွက်လည်း proposal နှင့် အဖွဲ့အစည်းများ၊ နောက်ခံ နိုင်ငံခြားတိုင်းပြည်တခုခုမှ ပါတီတခုခု၊ အင် အားစုတခုခု၏ Funding နှင့် တင့်တယ်ချင်တိုင်း တင့်တယ်နေကြသောသူများကဲ့သို့လည်း မဟုတ်သဖြင့် ဘ ၀ကလည်း ခွင့်မပြုပြန်။ သို့ဖြစ်သည့်အတွက် အတွေ့အကြုံထဲမှ အနှစ်သာရများနှင့် လုပ်ဟန်များကို ပြန်လည် တင်ပြရင်း ကျနော့်ရှုထောင့်မှ မြင်သည့်အရာများကို ဆွေးနွေးပါမည်။ ကနဦး အသိပေးလိုသည်မှာ ကျနော် သည် လေ့လာသူမဟုတ်ပါ။ ကျွမ်းကျင်သူမဟုတ်ပါ။ သုတေသီမဟုတ်ပါ။ ရိုးရှင်းသော နေ့စဉ်ဘ၀ဖြတ်သန်းမှု ထဲမှ ထုတ်နှုတ်တင်ပြရင်း သာမာန်ပြည်သူတဦးတိုင်းပြည်ချစ်သူတဦးအနေဖြင့် ဆွေးနွေးခြင်းသာဖြစ်ပါသည်။ James. C Scott တို့ Michel Foucault တို့ Andrei Shleifer တို့လိုတော့ အချက်အလက်ပြည့်စုံ ကုံလုံမည့် ဆွေးနွေးမှုမဟုတ်ပါဟု ပဏာမအသိပေးလိုပါသည်။
*******
ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ နည်းနာဟန်ပန်အမျိုးမျိုးရှိကြပါသည်။ ကမ္ဘာကြီးတခုလုံးတွင် လုပ် ငန်းများ၊ စက်ရုံများ၊ ရုံးများ အနှံ့အပြားရှိသော ကုမ္ပဏီကြီးများမှ စ၍ မနေ့တနေ့ကမှ အောင်မြင်လာသော ကုမ္ပဏီငယ်များအထိ supervisor အထက် အဆင့်များအား အနည်းဆုံးခြောက်လ တကြိမ် ခေါင်းဆောင်မှု မွမ်းမံသင်တန်းများပေးကြပါသည်။ ကောလိပ်ကျောင်းထွက်စ internship ဖြင့် ၀င်လာကြသော လူငယ်များ ကိုလည်း အလားအလာနှင့် အရည်အချင်း ပိုမိုတောက်ပြောင်စေလိုသော ရည်ရွယ်ချက်ဖြင့် အလုပ်ဝင်လျှင် ၀င်ချင်း ခေါင်းဆောင်မှုသင်တန်း တက်ကြရပါသည်။ ထိုသင်တန်းများတွင် Leadership style, Leadership methodology နှင့် effective leadership ဆိုသည့် ကဏ္ဍတို့ကို ပို့ချပါသည်။ ကျောင်းဆင်းခါစသူများ ကော လိပ်တွင် သင်ယူလာခဲ့သည်မှာ တကယ့်လုပ်ငန်းခွင်တွင်တော့ prerequisite နှင့် အခြေခံအဆင့်သာရှိသည် မှာများ၏။ လုပ်ငန်းခွင်တွင်းတွင်ပင် လုပ်ငန်းသဘောကို သင်ယူကြရပါသည်။

“အာဏာရှင်သက်ဆိုးရှည်ရေးနှင့် နိုင်ငံသားတို့ အတုအယောင်ဒီမိုကရေစီ အပင်းအသွင်းခံရရေးတွင် instrumental အဖြစ်နှင့် မည်သည့်သူကိုမှ မမြင်လိုပါ။ ယုတ်စွအဆုံး ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့ကိုပင် မမြင်လိုပါ။ ထိုသူများအနေနှင့် တကယ်အဟုတ် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်သူများ ဖြစ်ချင်သည်ဆိုလျှင် ...”
အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၉-၂၀၁၁)

- မြစ်ဆုံရေကာတာ ကန့်ကွက်ဖို့ လူ ၅၀ ခန့် ရန်ကုန် တရုတ်သံရုံးရှေ့ စုဝေး click
- မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရေး တရုတ်အစိုးရကို ဆန္ဒပြ click
- ဆန်ဖရန်ဘေးဧရိယာ မြန်မာအရေးလှုပ်ရှားသူများ တရုတ်ကောင်စစ်ဝန်ရုံးကို ဆန္ဒပြ click
- ၀ါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့က မြန်မာ့အရေး ဆန္ဒပြပွဲ (ဓာတ်ပုံ) click
- သက်ရှိမြစ် ဧရာဝတီ (သီချင်းအက်ဆေး အသံဖိုင်များ) click
- ဧရာဝတီအရေးနဲ့ ဒီမိုကရေစီ စမ်းသပ်မှု (ဆောင်းပါး) click
- ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ (ဆောင်းပါး) click
- မြစ်စောင့်နတ် ငိုချင်း (ကာတွန်း) click
- ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ ဘန်ကီမွန်း တိုက်တွန်း click
- သမ္မတဟောင်း ကလင်တန်ရဲ့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်စကားပြောမည် click
- အလုပ်သမားတွေ ဆန္ဒပြခွင့် ရတော့မှာဖြစ်ပေမယ့် နိုင်ငံရေးအကြောင်းပြုမှု မဖြစ်စေရ click
- မြန်မာကို ဦးစားပေး အခွန်လျှော့နိုင်ငံအဖြစ် ပေးအပ်ဖို့ အချိန်မကျသေး click
- အပစ်ရပ်ရေး ဖိအားပေးဖို့ ကရင်အဖွဲ့အစည်း တိုက်တွန်း click
- ဖလုံ-စဝေါ်ပါတီ ဂျာနယ် ထုတ်ဝေတော့မည် click
- သျှမ်းသံတော်ဆင့် ယနေ့သတင်းတိုများ click
- မ၀င်းမော်ဦးနေ့ စစ်အာဏာသိမ်းခြင်း ၂၃ နှစ်ပြည့် အထိမ်းအမှတ် (နယူးဒေလီ၊ အိန္ဒိယ) (ဓာတ်ပုံ) click
- ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် ဆွမ်းကျွေးတရားနာ (နယူးဒေလီ၊ အိန္ဒိယ) (ဓာတ်ပုံ) click
- အတိတ်မှ တရုတ်သင်ခန်းစာနှင့် လက်ရှိ အင်ဒိုနီးရှားပြုပြင်ပြောင်းလဲမှုကို မြန်မာယူသင့် (ဆောင်းပါး) click
- မြန်မာစစ်အာဏာရှင်တွေ တိုင်းပြည်ကို ဘယ်မှာထားခဲ့သလဲ (ဆောင်းပါး) click
- အားလုံးကောင်းဖို့ ပြောင်းလဲကြပါစို့ (ဆောင်းပါး) click
- ခေါင်းပေါင်းဖက်ရှင် (ဟာသ) click
- တောင်ငူရေဘေးအတွက် လူငယ်အဖွဲ့များ ကူညီမည် click
- တောင်ငူမြို့ ရေကြီးမှုနှင့်ပတ်သက်ပြီး မေးမြန်းချက် click
- ထိုင်း-မြန်မာနယ်စပ်ဂိတ် ပြန်ဖွင့်နိုင်မယ့် အလားအလာ မရှိသေး click
- ပုဂ္ဂလိကဘဏ်တချို့ နိုင်ငံခြားငွေ လဲလှယ်ခွင့်ရမည် click
- NLD စာသင်ကျောင်းကလေးများကို အနဂ္ဂ၊ သံသာဝင်းတို့ ကူညီလှူဒါန်း click
- သျှမ်းအဆိုတော် ဆခဟ၏ ရက်လည်ဆွမ်းသွတ် အနယ်နယ်အရပ်ရပ်က ပရိသတ်များ ကျင်းပ click
- စားဖိုမီးလောင်မှုကြောင့် ချင်းဒုက္ခသည်တဦး အပြင်းအထန် ဒဏ်ရာရ click
- မနူဟာ ဘုရားပွဲတော် (ရုပ်သံ) click
- သန်မာကြံ့ခိုင်တဲ့ လူ့ဘောင်ဆီသို့ လှမ်းရာဝယ် - အပိုင်း (၂) (ဆောင်းပါး) click
- နောင်အနှစ်၂၀ အကြာ အိမ်အပြန်ခရီးတရက်မှာ ... (ကဗျာ) click
- ရေယဉ်ခရီးမှာ ဆီမီးတထောင် ပန်းတထောင် (ကဗျာ) click
- ကုလသမဂ္ဂ အထွေထွေညီလာခံ အင်္ဂါနေ့ စတင် click
- ဂဒါဖီ အမာခံစခန်းတွေ လစ်ဗျား ယာယီအစိုးရတပ် သိမ်းပိုက် click
- လစ်ဗျားတော်လှန်ရေးမှ ကလေးငယ်များ (ဓာတ်ပုံအက်ဆေး) click
- ယီမင်မှာ အကြမ်းဖက်မှုများ ဆက်ဖြစ် click
- ဘီဘီစီအတွက် အလုပ်လုပ်ပေးတယ်ဆိုပြီး အီရန်မှာ သတင်းသမားတွေကို ဖမ်းထား click
- ပါကစ္စတန် ထိပ်တန်းရဲအရာရှိအိမ် တိုက်ခိုက်ခံရ click
- ကုလအဖွဲ့ဝင်ဖြစ်ဖို့ ပါလက်စတိုင်း လျှောက်မည် click
- ဘင်္ဂလားဒေ့ရှ်မှာ US ရေတပ် စစ်ရေးလေ့ကျင့် click
- ဂရိကနေ အီတလီ ဆင့်ပွားပြဿနာကနေ ယူရိုငွေကြေး ကျပြီ click
- သူဌေးတွေ အခွန်ပိုပေးရမယ်လို့ အိုဘားမား ပြော click
- ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတဲ့ အာရှစီးပွားရေး click
- စက်တင်ဘာ ၁၉ ရက် နိုင်ငံတကာ သတင်းဗွီဒီယို click
မိသားစု သစ်တပင်

မိသားစု သစ်တပင်
မောင်လွမ်းဏီ

လွန်လေပြီးသော
နှစ်ချို့တောက၊ မိတ်ဆွေတယောက်
မဲဆောက်အိမ်သို့၊ ပို့လာဝေငှ
ပိတောက်တပင်၊ ရင်တွင်ထွေးပိုက်
စိုက်ပျိုးယုယခဲ့ပါသည်။

လူတရပ်မက
ဓာတ်မီးတိုင်လောက်၊ ကြီးကောင်ပေါက်လည်း ...။

တနှစ်မဟုတ်
နှစ်နှစ်မဟုတ်၊ ဆယ်နှစ်မဟုတ်
တဖြုတ်ဖြုတ်ကြွေ၊ ရက်တွေကောက်ရင်း
အခေါက်ရင့်လာ၊ အပွေးမာလည်း ...။

စည်ပင်သာယာ
မကြာခဏ၊ လာကြ ခုတ်ဖြတ်
ဓာတ်မီးကြိုးထိ၊ ငြိလေလေတိုင်း
ဆဲရေးတိုင်းထွာ၊ ထိုင်းစာမတတ်ငြား
အိုင်စပ်တခွန်း အော်မိတယ်။ အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၉-၂၀၁၁)

- တရုတ်သံရုံးရှေ့ လုံခြုံရေးတင်းကျပ် click
- ရန်ကုန် တရုတ်သံရုံးအနီး လုံခြုံရေးတိုးမြှင့် click
- ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ် click
- မြစ်ဆုံဆည်ကိစ္စ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေ click
- မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီး ပြော click
- မြစ်ဆုံပရောက်ဂျက်ကို BANCA ဘယ်လို လေ့လာခဲ့သလဲ ... click
- ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တာကြိုက်တယ် (ဦးထွန်းလွင်နှင့် မေးမြန်းချက်) click
- ရေအားလျှပ်စစ်စီမံကိန်း လေ့လာရေး စာတမ်းများ click
- ကြိုးစင်ပေါ်က ဧရာဝတီ (ဆောင်းပါး) click
- လူထုအသံ ပွက်လောညံလာတဲ့ မြစ်ဆုံဆည်စီမံကိန်း (ရုပ်သံ) click
- အစိုးရစစ်တပ် ကချင်ရွာသား ၁၂ ဦးကို ဖမ်းဆီး click
- အစိုးရတပ်ကို KIA လိုက်လံတိုက်ခိုက် click
- ယာခင်း​ထဲ အလုပ်လုပ်​နေသည့်​ ရှမ်း​တောင်သူ ပစ်သတ်ခံရ click
- တရက်တာ အပစ်ရပ်​ရေး​ တောင်း​ဆိုမှုနှင့်​ ပတ်သက်ပြီး​ ​​နော်စီဖိုး​ရာစိန်ကို ​မေး​မြန်းချက် click
- အခွင့်အရေး လက်မလွတ်ရန် မြန်မာအစိုးရကို ဘန်ကီမွန်း တိုက်တွန်း click
- မြန်မာ့အရေး အိန္ဒိယသံအမတ်ဟောင်းများ ဆွေးနွေး click
- ဝင်းမော်ဦးနေ့ နယူးဒေလီတွင် ကျင်းပ click
- အာဏာသိမ်းနှစ်ပတ်လည်နေ့နဲ့ ၀င်းမော်ဦးနေ့ (ဓာတ်ပုံသတင်း) click
- ဒလမြို့နယ် အဖွဲ့ချုပ်လူငယ်တဦး​ မူး​ယစ်ရမ်း​ကား​မှုဖြင့်​ တရား​စွဲဆိုခံရ click
- ဒီမိုကရေစီနေ့တွင် ငြိမ်ချမ်းရေးပန်ကြားလွှာ ဖတ်သူအား ဖမ်းဆီး click
- ဒေါ်စုနှင့် အဲန်အယ်လ်ဒီ အတူတူပဲလား (ဆောင်းပါး) click
- ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီယံ ၂,၃၀၀ ကျော် click
- ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ တိုက်ရိုက်​ရွေး​ချယ်မှုအဆို ရှုံးနိမ့်​ click
- သမ္မတ၏ အထူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘူးသီးတောင်ထောင်မှ ဘိန်းမှောင်ခိုသမား ၁၆ ဦးလွတ်မြောက် လာ click
- ကြံ့ခိုင်ရေးပါတီမှ ပါတီဝင်အသစ်များ လိုက်လံစည်းရုံး click
- ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေးလေ့ကျင့်မှု ပြုလုပ် click
- စိန်လူသား (ဆောင်းပါး) click
- တောင်ငူ​ ရေ​ဘေး​သင့်​သူများ​အတွက် အကူညီ​ပေး​ရန် ဖိတ်​ခေါ် click
- မြန်မာပြည်သွားမည့် ကားများ ရေတိမ်နစ် click
- နတ်မြစ်ကို ဖြတ်ကူးသည့် လှေနစ်၊ လူ ၁၇ ဦး သေဆုံး click
- ထားဝယ်-မြိတ် လမ်းပျက် မော်တော်ယာဉ်လိုင်းများ ရပ်နား click
- ရန်ကုန်မြို့ပတ်ရထား​ခ​ဈေးနှုန်း​ တိုး​မြှင့်ရန် အစီအစဉ်မရှိ​သေး​ click
- စပါးခင်းများတွင် ကျရောက်သည့် ခရုမျိုးစိတ်သစ် ဖျက်ဆီးမှု လျော့နည်းလာ click
- ကျောက်ဖြူ အိမ်ခြံမြေဈေး အဆမတန်မြင့်တက် click
- မြန်မာနယ်စပ်အနီးမှ ဘင်္ဂလီတဦး အသက် ၂၇ နှစ်တွင် မယား ၅၃ ယောက်ယူ click
- တိုင်းရင်းသားဘာသာစကားများ မှေးမှိန်ရန် မြန်မာဘာသာစကား ကြွယ်ဝဖွံ့ဖြိုးရေးအစီစဉ် ပြုလုပ်နေ click
- ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်ကျိုးကိုယ်၌ တည်စေမည် (ဆောင်းပါး) click
- ငြိမ်းချမ်းရေးအတွက် ပညာရေး - အပိုင်း (၁) - အယူအဆနှင့် နည်းစနစ် (သုတေသနစာတမ်း) click
- မိုင်းထိတဲ့ သန္တာမြေ (ကဗျာ) click
- အားပြင်းငလျင်ကြောင့် အိန္ဒိယ၊ တရုတ်နဲ့ နီပေါ လူ ၅၀ ကျော် သေဆုံး click
- ထိုင်ဝမ် တိုက်လေယာဉ်တွေ အမေရိကန် မွမ်းမံပေးမယ့် အစီအစဉ် တရုတ် သတိပေး click
- ၈ ပြည်နယ် ရေလွှမ်းမယ်လို့ သတိပေး click
- ငလျင်ဒဏ်ကြောင့် ဆည်နံရံများ အက်ကွဲ click
- iPhone 5 (အိုင်ဖုန်း ငါး) အောက်တိုဘာ ၁၅ ထွက်မှာလား ... click
- နှစ်မိနစ်ကို တယောက်နှုန်း တရုတ်တွေ သတ်သေဖို့ ကြိုးစား click
ကြီးဒေါ်စုသို့ ပေးစာ ...

ကြီးဒေါ်စုသို့ ပေးစာ ...
(မြန်မာ့ဒီမိုကရေစီရေးအတွက် ရတက်မအေးဖြစ်နေကြသူများ ဤစာစု ရေးသားသူ၏ အာဘော်ကို
ဖတ်ရှုသုံးသပ်ဆင်ခြင်နိုင်ရန် zizawa.wordpress.com မှ ကူးယူဖော်ပြပါသည်)

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ကြွေးကြော်သံကို အာပေါင်အာရင်းသန်သန် ကြွေး ကြော်ခဲ့ပြီးသကာလ အနှစ်နှစ်ဆယ်မျှကြာသောအခါ ဒီချုပ်ခမျာ ပါတီမသေရေးအတွက် ဘာမဆိုလုပ်မယ်ဆို တဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆိုလုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ကောင်းပါတယ်လေ။ နောက်ပြီး ဒါက ကိုယ့် Own Tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး။ ဒါပေမယ့် ဇော် ဇော့်ဘောပွဲဆီသွားပြီး ဘောပွဲလက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီ က ဦးအောင်မြင့်ထွန်းက ဗိုလ်စောမောင် န၀တနဲ့ ဒီချုပ်အနေအထားနဲ့ ပတ်သက်ပြီး “ဒီတော့ ဘောလုံးက ခု ဘယ်ဘက်မှာလဲ” လို့ မေးတော့ “ကျမက ဘောလုံးအကြောင်း နားမလည်ဘူး” ဆိုပြီး ဘုကလန့် ပြန်ဖြေဖူး တာ အမှတ်ရမိတယ်။ ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည် ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ်စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။

ခုထိတော့ ဘာမဆို လုပ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုး လုပ်မိလုပ်ရာ လုပ်နေပုံရတာတော့ အသေအချာပဲ။ ဧည့်သည်ကို စစ်မှန်တဲ့စေတနာနဲ့ ဧည့်ခံချင်ပေမယ့် ဟင်း မချက်တတ်တော့ ဟိုဟာလေး ခပ်လိုက်၊ ဒီဟာလေး ခပ်လိုက်နဲ့ နောက်ဆုံး ဟင်းအိုးပျက်ကိန်းဆိုက်မယ့်ပုံ မြင်နေမိတယ်။ ကဲပါလေ … စကားတန်ဆာဆင်နေတာတွေကို အသာထားပြီး ပြောချင်တာပြောပါမယ်။ ပြော ချင်တာထက် မေးချင်တာလို့ ပြောရင် ပိုမှန်မယ်။ အပြည့်အစုံသို့...
မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်ပြီးလုပ်ပါ ဦးဇော်မင်း (ရုပ်သံ)

သြစတြေးလျနိုင်ငံ တက်စ်မေးနီယားပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက်နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာစီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျသွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရတရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာစီမံကိန်းကို နိုင်ငံရေးတိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ။ (ပြည်တွင်းမှ ရဲဘော်တဦး ပေးပို့သည်)


မိုးအေး (DVB) တင်ဆက်သည့် “ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်မှာ ရင်းနှီးမြှုပ်နှံထားမှုများအတွက် တရုတ်အစိုးရ ခေါင်းခဲနေ” (ရုပ်သံ)

နိုင်ငံတကာရာဇ၀တ်ခုံရုံးက အလိုရှိတဲ့ နိုင်ငံခေါင်းဆောင် နှစ်ယောက်ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း လစ် ဗျားက မိုမာဂဒါဖီနဲ့ ဆူဒန်က ဘက်ရှီးယား (ဘတ်ရှီလ်း) တို့နှစ်ဦးပါ။ အဲဒီနှစ်ယောက်အုပ်ချုပ်မင်းလုပ်တဲ့ လစ် ဗျားနဲ့ ဆူဒန်မှာ ရင်းနှီးမြုပ်နှံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံကိုပြောရရင် တရုတ်နိုင်ငံလို့ပဲ ပြောရမှာပါ။ ဘတ်ရှီး ယားကို နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ တိုင်းပြည်ကို အလည်ခေါ် ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တာ ကလည်း တရုတ်နိုင်ငံပါ။ ရေနံမျက်နှာတခုပဲ ကြည့်တယ်ဆိုပြီး တချိန်က ဝေဖန်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့ နေရာကို တရုတ်က အစားထိုးနေရာယူလိုက်ပြီလို့ ပြောနိုင်ပါတယ်။ အခုတော့ ဂဒါဖီကလည်း ၀ရမ်းပြေးဖြစ်၊ ဆူဒန်မှာ ကြည့်ပြန်တောလည်း ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်က သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ် လာ။ ရေနံအများဆုံးထွက်တဲ့ တောင်ပိုင်းဆူဒန်မှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အနေနဲ့ ဘတ်ရှီးယားနဲ့ ဆက် ပေါင်းရမလိုလို တောင်ပိုင်းဆူဒန်ကိုပဲ မျက်နှာလုပ်ရမလိုလိုဖြစ်နေရပြီး ဘတ်ရှီးယားရဲ့ ဆူဒန်မြောက်ပိုင်းကို ရော ဆူဒန်တောင်ပိုင်းကိုပါ ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲလို့ အကြီးအကျယ် စဉ်းစားနေရတဲ့ အခြေ အနေရောက်နေတဲ့အပေါ် ကြည့်ပြီး ဒီတပတ် စနေအစီအစဉ်ကို တင်ဆက်ဖြစ်ပါတယ်။ ဆူဒန်-တရုတ် ဆက် ဆံရေး ပထမပိုင်းလို့လည်း ယူဆနိုင်ပါတယ် (ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် စိတ်တိုင်းကျ တည်း ဖြတ် ဖတ်ကြားနိုင်ခြင်းမရှိခဲ့တာကို သည်းခံခွင့်လွှတ်ပေးကြပါလို့)။ (မိုးအေး)


၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၈ - အမှတ် ၈၊ စက်တင်ဘာလ ၂၀၁၁ ခုနှစ်)

8888 People Power - Vol 8 No 8 - September 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၉-၂၀၁၁)

- ဧရာဝတီမြစ်ဆုံစီမံကိန်းအတွက် ဆန်းစစ်လေ့လာမှုများ ထပ်မံလုပ်မည် click
- မြစ်ဆုံစီမံကိန်း အကြံပြုစာတမ်း ထုတ်ပြန်ရန် ၁ဝ ပါတီ ဆွေးနွေး click
- ဧရာဝတီလား လျှပ်စစ်ဓာတ်အားလား (တိုက်ရိုက်လေလှိုင်း) click
- ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရကို ဘန်ကီမွန်း တိုက်တွန်း click
- အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင် click
- အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော click
- ကမ္ဘာ့အလှူရှင်များညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည် click
- လူမှုကွန်ရက်ဆိုဒ်များ သုံးချိန်မရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- ကချင် အင်တာနက်စာမျက်နှာ နာလန်မထူနိုင်သေး click
- နိုင်ငံရေးအကျဉ်းသားမိသားစုဝင် အချင်းချင်း ကူညီထောက်ပံ့ရေး အစီအစဉ် click
- သာမန်ပြည်သူ အကျဉ်းသားလှူ click
- ပြန်သင့်ပြန်ထိုက်တဲ့ အချိန်အခါတခုမဟုတ်ဘူးလို့ လူရွှင်တော်ပန်းသီး ပြော (ရုပ်သံ) click
“မြို့တော်ဇော်မင်း (လျှပ်စစ်)” (ကာတွန်း ဂျော်ဒီး - မိုးမခ၀က်ဘ်ဆိုက်)
- ဆန္ဒပြလယ်သမားများကို တိုင်းဝန်ကြီးချုပ် တွေ့ဆုံ click
- ပျဉ်းမနားနယ်က လယ်မြေအိမ်တွေ ဖယ်ခိုင်းနေ click
- ရွှေဝါရောင်လှုပ်ရှားမှုနဲ့ အာဏာသိမ်းမှု အထိမ်းအမှတ် သံရုံးရှေ့ဆန္ဒပြ click
- စာလုံးပေါင်း သတ်ပုံမှားယွင်းမှု အစိုးရ ကြီးကြပ်သင့်ကြောင်း စစ်တပ်အမတ် အဆိုတင် click
- စာနယ်ဇင်းလွတ်လပ်ခွင့် ရပြီလား (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၁) (ဆောင်းပါး) click
- အီဂျစ်နိုင်ငံ ရွေးကောက်ပွဲ နိုဝင်ဘာ ကျင်းပမည် click
- လစ်ဗျားမှာ တိုက်ပွဲတွေ ပြင်းထန်နေ click
- အိန္ဒိယနဲ့ နီပေါလ်မှာ အားပြင်းငလျင်လှုပ် click
- YouTube ကနေ အောင်မြင်သွားကြတဲ့ အာရှလူငယ်များ click
- နည်းပညာ သတင်းလွှာ (ရုပ်သံ) click
- မြန်မာလူထု လွတ်လပ်မှုနဲ့ အလှမ်းဝေးဆဲ click
- သခင်အုန်းမြင့်ကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနား နိုင်ငံရေး၊ စာပေမိတ်ဆွေများနဲ့အတူ ဒေါ်အောင်ဆန်း စုကြည်လည်း တက်ရောက် click
- ဧရာဝတီအရေးအတွက် ဆက်လက် တုံ့ပြန် (ရုပ်သံ) click
- ၇ ရာခိုင်နှုန်းထဲပါ (ကာတွန်း) click
- ဧရာဝတီရဲ့ အတိတ်လှိုင်း (ကဗျာ) click
- မြဝတီကုန်သည်ကားလမ်းပေါ်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က BGF ၁၁၂၁ တပ်ရင်းကို တိုက် click
- စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင် အနှောင့်အယှက်တချို့ရှိနေ၍ ပူဇော်ပွဲလုပ်ပြီး ဟိန္ဒူနတ်ကို ပသ click
- စစ်အာဏာသိမ်းနေ့က စစ်တွေမှာ ကျဆုံးခဲ့ရတဲ့ ဆရာခင်မောင်ဝင်း အမှတ်တရ click
- ဟင်္သာတမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး အရပ်သားတွေထံမှ မတရားငွေကောက်ယူ click
- ကုသိုလ်သည် ဘယ်မှာလဲ (ဆောင်းပါး) click
- ဂဒါဖီ သစ္စာခံများ အပြင်းအထန် ခုခံဆဲ click
- တရုတ်အရှေ့ပိုင်း ဆိုလာပြားစက်ရုံ ဆန္ဒပြ ကန့်ကွက်ခံနေရ click
- လာတင်အမေရိကရဲ့ ကြယ်ဖြူ ချီလီ click
- ထောင်ထဲမှာ ပေးမယ့် ဂီတသင်တန်း click
- ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေသော အာတိတ်ရေခဲပြင် အရည်ပျော်မှု (ဆောင်းပါး) click
လွတ်ငြိမ်းချမ်းသာနှင့် လွတ်ငြိမ်းသက်သာ

လွတ်ငြိမ်းချမ်းသာနှင့် လွတ်ငြိမ်းသက်သာ
စိန်သံလုံး

ရှေးမင်းကောင်းမင်းမြတ်တွေကတော့ ထူးခြားမှု၊ မင်္ဂလာရှိမှုနဲ့ သာသနာနဲ့ဆိုင်တဲ့ အခြေအနေတွေမှာ တိုင်း သူပြည်သားတွေကို ငဲ့ညှာထောက်ထားတဲ့အနေနဲ့၊ စာနာမှုပြုတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာတွေကို သတ်မှတ်ခွင့်ပြုလေ့ရှိတယ်။ ဒီကနေ့နဲ့ မနေ့က တိုင်းပြည်ကို ဇွတ်အုပ်ချုပ်ပြီး အဆီစား အသားမြိုနေတဲ့ လူ တွေကတော့ ငဲ့ညှာမှု၊ စာနာမှုကင်းနေတာ ကမ္ဘာကတောင်သိနေကြလေရဲ့။ ကုလသမဂ္ဂကြီးနဲ့ ဒီမိုကရေစီနိုင် ငံတွေက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေကြတာ ကြာပါပြီ။ ခုချိန်ထိ အစိုးရလို့ အမည်ခံထားတဲ့ လူကြီးမင်းတွေကတော့ အင်းမလှုပ်၊ အဲမလှုပ် ငုတ်တုတ်ပဲမ ဟုတ်လား။ ဦးနု ရေးတဲ့ စာအုပ်လို အော်လိုက်ချင်ပါရဲ့ … “ရက်စက်ပါပေ့ကွယ်” …။

ခုနက အဆီစားပြီး အသားမြိုနေတဲ့ လူတွေဆိုတဲ့ အသုံးအနှုန်းကို မှတ်မိမှာပါ။ မြန်မာပြည်ရဲ့ သယံဇာတတွေ ကို ပြည်ပနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထုတ်ရောင်းပြီး စာရင်းမရှိအင်းမရှိ လုပ်ချင်တိုင်းလုပ်နေကြတာ ကို ပြောတာပါ။ ကျွန်း၊ သစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆန်ရေစပါး၊ သားငါးပုစွန်၊ ကျောက်သံပတ္တမြားတွေကို ထုတ်ရောင်းလို့ ကုန်သလောက်ရှိတော့ အခုတလော ပူညံပူညံဖြစ်နေတဲ့ ကချင်ပြည်နယ် မေခ-မေလိခက ဧ ရာဝတီမြစ်ဆုံစီမံကိန်းဆိုတဲ့ ပြည်ဖျက်စီမံကိန်းကြီး ဖန်းတီးလိုက်ကြတာပဲ။ ဘယ်သူ ကန့်ကွက် ကန့်ကွက် ဆက်လုပ်မယ်တဲ့။ ဟုတ်တာပေါ့လေ၊ ဆက်မလုပ်လို့မှ မရတော့တာ။ အဲဒီစီမံကိန်းအတွက် ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ ငနဲနဲ့ အတွင်းရေးမှူး (၁) ဆိုတဲ့ သတ္တ၀ါတွေက အပြည့်အစုံသို့...
တရုတ်ပြည်မှာ အသက် ၇၇ နှစ်အရွယ် ဆရာဝန်မကြီး အ၀တ်မပါ ကိုယ်ဗလာနဲ့ တကိုယ်တော်ဆန္ဒပြ (ရုပ်သံ)

(ကိုးဒီသွေးဘလော့ဂ်မှ ...)

သူမရဲ့ နေအိမ် အဖျက်ခံလိုက်ရတဲ့အတွက် စိတ်ဆိုးဒေါသထွက်နေခဲ့တဲ့ တရုတ်နိုင်ငံက အသက် ၇၇ နှစ်အ ရွယ်ရှိ ဆရာဝန်မကြီး ကျွမ်းကျင်ဟွေးဟာ တရားမျှတမှုကို အလွန်အမင်း လိုလားတဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ် လ ၁၈ ရက်နေ့က ရှန်ဟိုင်းမြို့ရှိ တရားရုံးတခုရှေမှာ အ၀တ်မပါ ကိုယ်ဗလာနဲ့ ဒူးထောက်ကာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မြို့ပြစီမံကိန်းတွေ အကြီးအကျယ် ဖော်ဆောင်လာတာမို့ အိုးအိမ်တွေ အတင်းအကျပ် ရွှေ့ ပြောင်းစေမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အစိုးရအာဏာပိုင်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေဟာ မ ပြောင်းရွှေ့မီ ရက်အနည်းငယ်သာကြိုတင်အကြောင်းကာ အိမ်ပိုင်ရှင်တွေကို မောင်းထုတ်ရွှေ့ပြောင်းစေတတ် တာမို့ ပြည်သူအများ စိတ်ဆိုးဒေါသထွက်ခဲ့ကြရပါတယ်။
အပြည့်အစုံသို့...

No comments:

Post a Comment