Thursday 24 February 2011

အိုးဝေ သမိုင်း

ကျနော်တို့ အိုးဝေသတင်းဂျာနယ်ကို စက်တင်ဘာ (၁၀)ရက်နေ့ ၂၀၁၀ ခုနှစ်ကစ၍ တလကို နှစ်ကြိမ်ဖြင့်
ထုတ်ဝေခဲ့ပါသည်။ ကျွန်ုပ်တို့၏ အိုးဝေကို ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၏ (new generation) အဖြစ်ခံယူပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး တနည်း အမိမြန်မာပြည်ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးကို လိုလားသော လူငယ်တစုကို တာတေ စနေသားမှ ဦးဆောင်၍ စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 
 
အိုးဝေသတင်းဂျာနယ်ကို စတင်တည်ထောင်သူများသည် အစကတည်းက သတင်းသမားများ မဟုတ်ခဲ့ကြပါ။ ထို့ကြောင့် ထုတ်ဝေခဲ့ပြီးသော အတွဲ (၁) အမှတ် (၁) တို့တွင် အမှားများ၊ ချို့ယွင်း အားနည်းချက်များ၊ လစ်ဟာမှုများ ရှိနိုင်ပါသည်။ ရှိလဲရှိခဲ့ပါသည်။ ထိုအမှားများ ချို့ယွင်းချက်များကို နားလည်စွာဖြင့် ခွင့်လွှတ်ပေးရင်း တခဲနက် အားပေးခဲ့ကြသော အိုးဝေ၏ စာဖတ်ပရိတ်သတ် မြန်မာနိုင်ငံသူ၊ သားအပေါင်းကို ပြောပြလို့မရအောင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီး မြန်မာနိုင်ငံရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးကို တိုက်ပွဲဝင်နေသော အိုးဝေသတင်းဂျာနယ်ကို ဆက်လက်အားပေးပါရန် လေးစားစွာ ပန်ကြားလိုက်ပါတယ်ခင်ဗျား။

No comments:

Post a Comment