Sunday 31 July 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၇-၂၀၁၁)

Sunday, July 31, 2011

- နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို click
- နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံပြောကြား click
- ကရင်ဒေသမှာ စီမံကိန်းတွေ မလုပ်သင့်သေးကြောင်း KNU ပြော click
- ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း (၁၀) ကျော် ပိတ်ပစ်လိုက်ရ click
- အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ click
- SSA ဌာနချုပ်ကို ၀ိုင်းထားတဲ့ အစိုးရတပ်တချို့ ဆုတ်သွား click
- ကချင် စစ်ပြေးဒုက္ခသည် ပိုများလာ click
- နာဂ စစ်ပြေးတွေ အကူအညီ မရ click
- ပြည်သူတွေအတွက် ဖြုတ်တာမဟုတ် click
- ၂၀၀၇ သံဃာ့လှုပ်ရှားမှုအကြောင်း သတင်းပို့သူ ရွှေသံစဉ် ကိုဝင်းမော် click
- အော်ရီဂွန်ပြည်နယ်က မြန်မာဒီမိုကရေစီအင်အားစုများ ၈ လေးလုံး နှစ်ပတ်လည် ကျင်းပမည် click
- ၈ လေးလုံး အခမ်းအနား ဖိတ်ကြားလွှာ (နယူးယောက်မြို့) click
- နှစ်ဆယ့်သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့ ... (ဆောင်းပါး) click
- ရင်ထဲက ရှစ်ဆယ့်ရှစ် (အပိုင်း - ၂) (ဆောင်းပါး) click
- ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လူစာရင်း ပြန်လည်ကောက်ခံ click
- ရေကြီး စိုက်ခင်းပျက်၍ လူကြီးတဦး ကြိုးဆွဲချ သေဆုံး click
- သားမယား ပြုကျင့်ရန် ကြံစည်မှုကြောင့် မာရမာ မိသားစု (၃) ဦး အသတ်ခံရ click
- ငါးမွေးမြူရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နေ click
- သင်္ဘောခ တိုးလို့ ရခိုင်သားတို့ အကျပ်ဆိုက် click
- တဂိုးမွေးနေ့ ရန်ကုန်တွင် ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း) click
- FIFA က အိုမန်အသင်းကို အနိုင်ပေးပြီး မြန်မာကို အရေးယူ​ဖို့ ​ပြင် click
- လစ်ဗျားရုပ်သံကို နေတိုးတပ်များ တိုက်ခိုက် click
- လစ်ဗျားသူပုန်တပ်မှူးကို သူပုန်တပ်တွေက သတ်ပစ်ခဲ့တာဖြစ် click
- အီရတ်မှာ အန္တရာယ် တိုးလာနေ click
- အီရတ်နိုင်ငံမှာ အန္တရာယ်ပိုရှိလာနေ click
- အမေရိကန်အကြွေး လွှတ်တော်တွေ သဘောကွဲ click
- အမေရိကန် ကြွေးမြီကိစ္စ သမ္မတ ဆွေးနွေး click
- အရှေ့အာရှဒေသမှာ အပူပိုင်းမုန်တိုင်း တိုက် click
- ကမ္ဘာ့ဖလား အုပ်စုခွဲပြီ click
- ကမ္ဘာ့ဖလားခြေစစ်ပွဲ ချန်ပီယံ စပိန်နဲ့ ပြင်သစ် တအုပ်စုထဲကျ click
- သင့် စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ (ဆောင်းပါး) click

ဟင်နရီကလေး၊ ကျွန်ဈေး၊ ကြိမ်ဒဏ်နှင့် ကြက်ကြော်တဲ့မြို့

ဟင်နရီကလေး၊ ကျွန်ဈေး၊ ကြိမ်ဒဏ်နှင့် ကြက်ကြော်တဲ့မြို့
မျိုးမြင့်ချို

ဟင်နရီကလေး (Henry Clay 1777-1852) ကို အတိုဆုံးသံခိပ်ပြုရလျှင် အမေရိကားတွင် မြေအများဆုံးပိုင် သူ အာဏာအများဆုံးကိုင်သည့်ခေတ်က ပဒေသရာဇ်ကလေးတပါးဟု ဆိုရမည်ဖြစ်၏။ ၁၈ဝ၃ ခုနှစ် ကင်တပ် ကီပြည်နယ်၏ အောက်လွှတ်တော်အမတ်မှ စခဲ့သည့် သူ့နိုင်ငံရေးဘဝသည် သူ့လူ့ဘဝ၏ နောက်ဆုံးရက် ဇွန် (၂၉)၊ ၁၈၅၂ ကျမှ အဆုံးသတ်တော့၏။ အောက်လွှတ်တော်၊ အထက်လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင်၊ လွှတ်တော်ပြောခွင့်ရပုဂ္ဂိုလ်၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ လျှောမွေးဖြစ် ခဲ့သည့် သမ္မတလောင်း စသည်ဖြင့် စုံသည်။ တဘဝလုံး လူကြီးဖြစ်စေဟူသည့် ဇာတာဖြင့် မွေးခဲ့သူများလား မပြောတတ်။ ယခုတော့ ကျန်ရစ်သူများက သူ့အိမ်ခြံဝင်းကြီးကို ပြတိုက်သဖွယ် လုပ်ထား၏။ လူတယောက် (၉) ဒေါ်လာပေးပြီး သူ့စံအိမ်တော်ကြီးကို ဝင်ကြည့်လျှင် သူရှိတုန်းက ဘယ်လိုနေခဲ့သည်။ ဘာစာတွေ ဖတ် သည်၊ ဘာတွေးပြီး၊ ဘာလုပ်ခဲ့သည်ကို မှန်းဆကြည့်နိုင်သေး၏။

သူ့မြို့ကလေး Lexington တွင် သူ့အမည်ပေါက် Henry Clay Center ဟူ၍ ရှိ၏။ သူ့နိုင်ငံရေး အမွေအနှစ်ကို ဆက်ခံခဲ့ကြသည့်၊ ဆက်ခံနေကြသည့်၊ ဆက်ခံကြဦးမည့်သူများ၏ ဆုံဆည်းရာဟု ဆိုရမည်ဖြစ်၏။ Henry Clay Center နှင့် University of Kentucky (UK) သည် ချိတ်ဆက်ထား၏။ (UK) တွင် Statesmanship ဆို သည့် ဋ္ဌာနတခုရှိ၏။ ထိုဋ္ဌာနတွင် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ ဆီနိတ်တာအမတ်မင်းများ ၏ တပြည်နယ် တယောက်နှုန်း ရွေးချယ်စေလွှတ်ခံ ကျောင်းသားများ ‘နိုင်ငံတော်အကြီးအကဲဖြစ်’ စာဝါများ ကို ဆည်းပူးနေ၏။ ‘အကြီးအကဲဖြစ်ကျောင်း’ တက်နေသဖြင့် သူတို့အား လူကြီးလောင်းလေးများဟုဆိုသော် ရမည်ထင်၏။ ထိုကျောင်းဆင်းတိုင်း လူကြီးမဖြစ်သော်လည်း လူကြီးများထဲတွင် ထိုကျောင်းထွက်များ ရှိ၏။ ‘လူကြီးဖြစ် စာများဖြစ်’ သည့် စီးပွားရေး၊ အုပ်ချူပ်ရေး၊ သံခင်းတမန်ခင်း၊ နိုင်ငံရေးဒဿန၊ မူဝါဒရေးရာ ... စ သည်ဖြင့် အမယ်စုံကို ငွေပုံကာသင်အံစေ၏။ အခြားဘာသာရပ်ယူသည့် ကျောင်းသားများထက် သူတို့က ထို အရေးများတွင် ခေါင်းတလုံးပိုမြင့်သည်ဟု ဆိုရမည်ဖြစ်၏။ လူကြီးလောင်းလေးများပီပီ အကင်းပါး၏။ အရည် လည်၏။ အတွေးကောင်း၏။ အမေးလည်း ကောင်း၏။ လွန်ခဲ့သည့် (၂) လက UK ၏ ထိုလူကြီးဖြစ်ဋ္ဌာနမှ ဗ မာပြည် လူ့အခွင့်အရေးအကြောင်းများ လာပြောပါ၊ နားထောင်ချင်သည်၊ မေးချင်မြန်းချင်တာတွေလည်း ရှိ သည်ဟုဆိုကာ ကျနော့်အား ဖိတ်၏ (သူတို့နှင့် ပြောဖြစ် ဆိုဖြစ်၊ မေးဖြစ် ဖြေဖြစ်ခဲ့သည်များအား ပြန်ရေးဦး မည်ဟုသာ တေးထားလိုက်၏။ မရေးဖြစ်သေး)။ သို့နှင့် ကျနော် Lexington က University of Kentucky ကို ရောက်သွား၏။

အမေရိကန် ရောက်ဖူးဖူး၊ မရောက်ဖူးဖူး။ ကင်တပ်ကီဟုဆိုလျှင် ကြက်ကြော်နှင့် တွဲပြီး သိကြသူများ၏။ ကျ နော်က အမေရိကန်ကြက်ကြော်ကို ခံတွင်းမတွေ့သေး။ ဗမာကြက်ကို ဆား၊ ဆနွင်းလေးနယ် အချိုမှုန့်လေး နည်းနည်းထည့်၊ ခပ်မာမာ ခြောက်ခြောက်လေး ကြော်ထားသည်ကိုသာ နှစ်သက်ဆဲ။ ထို့ကြောင့် ကင်တပ်ကီ ရောက်သော်လည်း ကြက်ကြော်ကို တခုတ်တရ မစားဖြစ်။ သို့သော် ရောက်သည့် ညက သူငယ်ချင်းတ ယောက်က ဖုန်းခေါ်ပြီး “ခင်ဗျား ကင်တပ်ကီ ရောက်တုန်း တာကီကင်ကို စားဖြစ်အောင်တော့ စားပါ” ဆို၏။ ရုတ်တရက် သူ ဘာပြောသည်ကို နားမလည်။ ပြန်မေးတော့မှ “တာကီဆို တာကကြက်ဆင် (Turky) ကို ဗ မာသံနဲ့ အပီပြောတာဗျ။ ကင်ဆိုတာကတော့ ကင် (Grill)။ ကင်တာပေါ့ဗျာ။ ကြက်ဆင်ကင်ပေါ့” တဲ့။ သို့နှင့် ကင်တပ်ကီတွင် တာကီကင်ကို မြည်းစမ်း ကည့်ဖြစ်သည်။ မကြိုက်။ ပေါ့ရွှပ်ရွှပ်၊ စိုစိစိ၊ ပျော့ဖတ်ဖတ် ကြက် ဆင်ကင်သည် သူတို့အင်္ဂလိပ်အချဉ်ရည်နှင့် လိုက်ဖက်သလားတော့ မပြောတတ်။

မပြန်ခင်တရက် အချိန်ရခိုက် Lexington မြို့ထဲ လျှောက်ကြည့်ဖြစ်၏။ Lexington သည် အမေရိကန် ရွက် ကြမ်းရည်ကျိုမြို့။ သူလိုကိုယ်လိုမြို့။ ထူးထူးခြားခြား ကြည့်စရာ များများစားစား ဘာမှမရှိ။ Lexington ကို City of Horse ဟု ဆိုသည့်အတိုင်း နေရာတကာ မြင်းရုပ်များ ရှိ၏။ မြို့စွန်ပိုင်းတလျှောက် မြင်းခြံတွေ တော် တော်များ၏။ မြို့တွင်းပိုင်းတွင်မတော့ ရှေးက အဆောက်အဦးတွေ၊ နေရာတွေကို စနစ်တကျ ထိန်းသိမ်းထား ၏။ တချို့ကား လူနေဆဲ။ အသုံးပြုဆဲ။ တချို့ကား ပြတိုက်သဘောဖြစ်နေကြပြီ။ ကျနော် တည်းသည့် ဟော် တယ်လ်သည်ပင် ရှေးခေတ်ဟော်တယ်လ်။ (၃) ထပ်သာမြင့်၏။ ဟိုတယ်လ်အဝတွင် “ဤဟိုတယ်လ်သည် အမေရိကန် သမိုင်းဝင် ဟော်တယ်လ်တခု ဖြစ်သည်” ဆိုသည့် ကြေးဝါဆိုင်းဘုတ်ကြီး ကပ်ထား၏။ မြို့လည် က မှုန်ရီထည်ဝါသည့် အဆောက်အဦးများကြားတွင် မိုးထိုးတိုက်ကြီးများက ခေတ်အရောင်နှင့် ပြိုးပြိုးပြက် ပြက်။ “ဤနေရာသည်၊ ဤအဆောက်အဦးသည်၊ ဤအိမ်သည်၊ ဤကွက်လပ်သည်၊ ဤရုပ်ထုသည် အစချီ၍ သမိုင်းနောက်ခံကို ပြောကာ ထောင်ထားစိုက်ထားသည့် အမှတ်တရ စာတိုင်စာမှတ်များ နေရာတကာတွင် ရှိ ၏။ လျှောက်ရင်း မြို့လည် ဇရပ်က လယ်သမားဈေးဘက် ရောက်လာ၏။ ခြံထွက်အသီးအနှံများ၊ လက်ဖြစ် ထည်များ၊ အိမ်တွင်းချက်ဆပ်ပြာများ၊ ပျားရည်၊ ဆေးမြစ်ဆေးဥ၊ ချက်အရက်၊ စိမ်ရည်၊ ဝိုင် စသည်တို့ကို တ နိုင်သယ်လာပြီး ရောင်းကြဝယ်ကြ။ တောဟင်းလျာများ ပူပူနွေးနွေး ချက်ပြုတ် ရောင်းကြ စားကြ။ ပျိုးပင် ပန်း ပင်လေးတွေ ဝယ်ကြချမ်းကြနှင့်မို့ မြို့တွင်းမှာ သင်းပျံ့သည့် ကျေးလက်ရနံ့ ...။

ဈေးတန်းစွန်နားတွင် ရပ်ကွက်ဘောလုံးအသင်းလေးအတွက် တယောထိုး သီချင်းဆိုပြီး ရန်ပုံငွေရှာနေသည့် အာဖရိကန်-အမေရိကန် အမြွှာညီအစ်ကို။ ဗီယက်နမ်စစ်ပြန်တွေ ပျော်ပွဲရွှင်ပွဲရန်ပုံငွေအတွက် စစ်ပြန်ကြီး (၂) ယောက်ကလည်း ဂစ်တာတီး သီချင်းဆိုလျက်။ တနေရာမတော့ အဖြူရောင်ဝတ်စုံနှင့်၊ လက်မှာ ဂစ်တာနှင့်၊ ပါးစပ်မှာ ဘာဂျာလေးနှင့်၊ ခြေထောက်မှာ ချွင်ချပ်စည်းလေးနှင့် သီချင်းဆိုပြီး ဖျော်ဖြေနေသူတဦး။ ကျနော်က သူ့ကို စိတ်ဝင်စားမိ၏။ သူ အတီးနားချိန်မှာ အနားကပ်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တော့ “မင်းတိုင်းပြည် ကို ငါသိတယ်၊ ဟိုအမျိုးသမီးကြီးရှိတဲ့ တိုင်းပြည်” ဆိုပြီး ခဏစဉ်းစား၏။ ပြီးတော့ “သြော် ... သိပြီ … အောင် ရှန်းရှုကွီ” ဟုဆိုတော့ ကျနော့်ရင်တွင် ပီတိဖြင့် နွေးကနဲ ဖြစ်မိ၏။

သူနှင့် စကားပြောနေရင်း သူ့ကျောနောက်က ကြေးဝါဆိုင်းဘုတ်ကို သတိထားမိ၏။ ဆိုင်းဘုတ်က “၁၉ ရာစု က ဤပြည်သူ့ပန်းခြံပေါ်ရှိ ချက်ပယ်လ်ဆိုဒ် လေလံပွဲလမ်းတိုနေရာတွင် အာဖရိကန်-အမေရိကန်များအား ကျွန်အဖြစ် ရောင်းချခဲ့သည်။ ၁၈၄ဝ ပြည့်နှောင်းပိုင်းကာလများတွင် ကင်တပ်ကီပြည်နယ် လက်ဇင်တန်မြို့ သည် ကျွန်ရောင်းဝယ်ဖောက်ကားရာ ပင်မနေရာဖြစ်ခဲ့သည်။ ဤနေရာအား အမေရိကန် တောင်ဘက်ပိုင်းဒေ သများမှ ကျွန်ရောင်းရာဈေးအဖြစ်အသုံးပြုခဲ့သည်။ ကျွန်ပေါင်းထောင်ချီ၍ ဤချက်ပယ်လ်ဆိုက်ဒ်တွင် ရောင်း စားခံခဲ့ရသည်။ ထိုအထဲတွင် မိဘများထံမှခွဲထုတ်ယူလာသည့် ကလေးငယ်ပေါင်းများစွာလည်း ပါဝင်ပါသည်” ဟုဆို၏။

ဖတ်နေရင်း ဒူးက တုန်လာ၏။ ခြေမခိုင်တော့။ ကတုန်ကယင် ဖြစ်နေ၏။ ဂျိုင်းထောက်အားပြုပြီး လဲကျမသွား အောင် မနည်းထိန်းယူရ၏။ ရင်ထဲ နင့်ကနဲ ဖြစ်မိ၏။ နှလုံးတွင် တချက်စူးကနဲ အောင့်၏။ ဆို့တက်လာ၏။ လည်မျိုတွင် တစ်ဆို့ဆို့ ဖြစ်ရ၏။ ရင်သည် နာကျင်မှုဖြင့် တုန်လှိုက်လာ၏။ မျက်စေ့ကား ဘာမှမမြင်တော့။ နှုတ်ကား ဆွံ့အသွား၏။ နားကား အကြားမရှိ။ ပင်းသွား၏။ ကျွန်တွေ ... ကျွန်တွေ ... ကျွန်တွေ ဟုတ်လား ... ကျွန်တွေတဲ့လား၊ ကျွန်တွေလို့ ပြောလိုက်တာလား၊ လူတွေပါဗျာ၊ သူတို့ လူတွေပါ၊ သူတို့လည်း လူတွေပါဗျာ၊ လူတွေပါပဲဗျာ၊ ခင်ဗျားတို့လိုပါပဲ၊ ခင်ဗျားတို့လို လူတွေပါပဲဗျာ။ လုပ်ရက်လိုက်ကြတာ။ သူတို့အမေတွေ က လေးတွေကို မျှော်နေရှာမှာပေါ့ဗျာ။ သူတို့လည်း အမေတွေဆီ ပြန်ချင်ရှာမှာပေါ့ဗျာ။ ခင်ဗျားတို့ဗျာ။ လုပ်ရက် လိုက်ကြတာ။ ကျွန်ဈေး ဟုတ်လား။ ကျွန်ဈေးတဲ့လား။ လူတွေကို ကျွန်တွေဆိုပြီး ဒီနေရာမှာ ရောင်းတာတဲ့ လား။ ဒီနေရာမှာ လူတွေကို ပစ္စည်းတွေရောင်းသလို ကျွဲနွားတွေ ရောင်းသလို ရောင်းကြဝယ်ကြ လဲကြလှယ် ကြတာပေါ့။ ဒီမှာပေါ့။ ဒီနေရာမှာ။ ဘုရား ... ဘုရား။ ဘုရား ... ဘုရား ...။ ငါလာမိတာ မှားပြီ။ ဟိုမှာ ကလေး တွေ ... ကလေးတွေ ...။ အမေတွေ ... အမေတွေ ...။ သံကြိုးတွေ၊ ခြေကျဉ်းတွေ၊ လက်ထိပ်တွေ တချွင်ချွင် နဲ့ပါလား။ ဘုရားရေ ... ကြာပွတ်သံတွေ ... ကြာပွတ်သံတွေ ...။ သူတို့ လူတွေပါဗျာ။ လူတွေပါ ခင်ဗျားတို့လို လူတွေပါဗျာ။ ကလေးတွေ ... ကလေးတွေ ... ငိုသံတွေပါလား ...။

“ဒီမှာ မင်းဘာဖြစ်လို့လဲ။ ငါ ဘာလုပ်ပေးရမလဲ။ ခဏလောက်ထိုင်လိုက်ပါလား။ ရေနည်းနည်းသောက်လိုက် ပါလား။ ဆေးလိပ်သောက်မလား” ဆိုသည့်အသံ၊ ပခုံးအပုတ်ခံလိုက်ရသည့် အသိကြောင့် စိတ်သည် ပစ္စုပ္ပန် ကို ပြန်လည်လာ၏။ မကြည့်မိရင် ကောင်းသား။ ကြည့်မိလည်း မဖတ်မိရင် ကောင်းသား။ ဖတ်မိလည်း အင်္ဂ လိပ်လို မတတ်ရင်ကောင်းသား၊ ဒီနေရာကို မလာမိရင်ကောင်းသား၊ ဒီကိုမလာမိရင် ကောင်းသား … ကောင်း သား … ကောင်းသားတွေနဲ့အတူ ဝတ်စုံဖြူဂစ်တာသမားကို နှုတ်ဆက်ပြီး ပြန်ထွက်တော့ သူက “မင်းတို့တိုင်း ပြည် မြန်မြန်လွတ်လပ်ပါစေကွာ” တဲ့။

(ဆက်ပါဦးမယ်)

မျိုးမြင့်ချို

အပြည့်အစုံသို့...

Saturday, July 30, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၇-၂၀၁၁)

- ဒေါ်​အောင်​ဆန်းစုကြည်​ ကမ်းလှမ်းချက် ကေအိုင်အို​ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် စာအပေါ် KIO မှ ကြေညာချက်ထုတ်မည်မဟုတ် click
- ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် KIO လိုလား click
- စစ်ရပ်စဲဖို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာ click
- လက်နက်ကိုင်တစု လှုပ်ရှားမှုကြောင့် ပြည်သူ့စစ်များအား နယ်မြေလုံခြုံရေး တာဝန်ပေး click
- မြောက်ဦးရထားလမ်းကြောင်း ရွှေ့ဖောက်ခဲ့ရမှုအပေါ် သမ္မတ ဦးသိန်းစိန် မကျေနပ် click
- ပြည်နယ်ဝန်ကြီးအိမ်ရာများ အကုန်မပြီးစီးသေး click
- အတွေးအခေါ်နှင့် လမ်းစဉ် - (၅) (ဆောင်းပါး) click
- တပ်ထဲက ဗိုလ်ကြီးမမများ (ဆောင်းပါး) click
- ရန်ကုန်တွင် ဖြစ်ခဲ့သည့် ဘောလုံးပွဲပြဿနာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စုံစမ်းစစ်ဆေး click
- ဆရာအော်ပီကျယ် ပြောတဲ့ စတုတ္ထမဏ္ဍိုင် click
- ဆရာအော်ပီကျယ်ရဲ့ စတုတ္ထမဏ္ဍိုင် ကာတွန်း click
- ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီးကို အနုပညာနဲ့ ကန်တော့ချင်တဲ့ ကာတွန်း စောငို click
- ထပ်စင်ကို ဂျာမဏီက တားမြစ်မှာ မဟုတ်တော့လို့ နော့ပါဒွန်က ပြော click
- တရုတ်စာလေ့လာသူ နိုင်ငံခြားသား သန်း (၁၀၀) ရှိပြီ click
- Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ်ပျောက်နေသည့် မျိုးဆက် click

မောင်လွမ်းဏီကို ကျနော် သိတယ်

မောင်လွမ်းဏီကို ကျနော် သိတယ်
မောင်ငြိမ်းအေး

အဲဒီညက
ကိုယ့်ကောင်းကင်ကြီးကို လွမ်းတဲ့စိတ်နဲ့
ကိုယ့်ကောင်းကင်မဟုတ်တဲ့ ကောင်းကင်ကို ငေးရီနေရင်း
ကြယ်ကလေးတလုံး ကြွေကျသွားတာမြင်တော့
ကိုလွမ်းဏီကို သတိရတယ်။

ဖေဖေ ကြယ်တွေမှာ နာမည်ရှိသလား ... တဲ့
အောင်ဝေးက အဲဒီလိုရေးခဲ့တယ်
ကြယ်တွေမှာ နာမည်ရှိမရှိ ကျနော် မသိဘူး
ကိုလွမ်းဏီမှာတော့ နာမည်ရှိတယ်။

ကိုလွမ်းဏီနာမည်က
မောင်လွမ်းဏီတဲ့။

ကိုလွမ်းဏီကို ကျနော် မသိဘူး
မောင်လွမ်းဏီကိုတော့ သိတယ်။

ကိုလွမ်းဏီက အသားမည်းမည်း
မောင်လွမ်းဏီက ဖြူပါတယ်။

ကိုလွမ်းဏီက လမ်းသွားရင်
ထော့နဲ့ ထော့နဲ့ နေပေမယ့်
မောင်လွမ်းဏီကတော့
ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်ပါတယ်။

ကိုလွမ်းဏီက တော်လှန်ရေးသမားဖြစ်ပေမယ့်
မောင်လွမ်းဏီက ငြိမ်းချမ်းရေးသမားဖြစ်တယ်။

ကိုလွမ်းဏီက သေနက်ကိုင်တယ်
မောင်လွမ်းဏီက ကလောင်ကိုင်ပါတယ်။

ကိုလွမ်းဏီက တောကြားတောင်ကြား နေတယ်
မောင်လွမ်းဏီက ခိုကလေးတွေကြား နေပါတယ်။

တခုထူးခြားတာက
ကိုလွမ်းဏီက အရက်ကို ချစ်တယ်
မောင်လွမ်းဏီက အရက်ကို မမုန်းတာပဲ။

ကျနော့်နှုတ်က
ကိုလွမ်းဏီကို ကိုလွမ်းဏီလို့ မြည်ပေမယ့်
ကျနော့်ရင်ဘက်က
ကိုလွမ်းဏီကို မောင်လွမ်းဏီလို့ ဟိန်းတယ်။

ကိုလွမ်းဏီကို ပြောကြတဲ့ ဘာဘာညာညာတွေ
ကျနော် စိတ်မဝင်စားပါဘူး
လူတိုင်း ... အနည်းနဲ့အများတော့
ဘာဘာညာညာချည်းပါပဲ
အဲဒီဘာဘာညာညာတွေ
မောင်လွမ်းဏီဆီရောက်နေသလား
ကျနော် စိတ်ဝင်စားပါတယ်။

စောစောက ကြွေကျသွားတဲ့ ကြယ်ကို
ကျနော် လိုက်မရှာဖြစ်ဘူး
ကောင်းကင်ကြီးက
အလှပျက်သွားတာမှမဟုတ်တာ။ ။

မောင်ငြိမ်းအေး

အပြည့်အစုံသို့...

စိန်အိုးစည် - လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း

Friday, July 29, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၉-၇-၂၀၁၁)

- နိုင်ငံတကာ ၀င်ဆန့်ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမည် click
- မြန်မာအစိုးရကိုယ်တိုင် ဟက်ကာတွေ သုံးနေသလား click
- ၀န်ထမ်းလစာမှာ အရွက်သေးတွေ ထည့်ပေးပြီ click
- နေပြည်တော်နဲ့ ပေါင်းလောင်းဆည် (သတင်းသုံးသပ်ချက်) click
- ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းအကြောင်း တစေ့တစောင်း (ဆောင်းပါး) click
- နိုင်ငံရေးတက်ကြွလူငယ်တယောက်ရေးတဲ့ နိုင်ငံရေးတက်ကြွလူငယ်တယောက်အကြောင်း (ကဗျာ) click
- တူရကီ စစ်တပ်အကြီးအကဲတွေ ဆန္ဒပြ နှုတ်ထွက် click
- တူရကီ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ နှုတ်ထွက် click
- သမ္မတ နစ်ဆင်ရဲ့ ဂျူရီ ထွက်ဆိုချက် ထုတ်ပြန်မယ် click
- အမေရိကန်အကြွေး လွှတ်တော်တွေ သဘောကွဲ click
- အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော် အတည်ပြု click
- နှစ် (၃၀) ကြာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အစီအစဉ်ရဲ့ နိဂုံး click
- နိုင်ငံတကာ ငွေလဲလှယ်နှုန်းတွေ click
- ဒေါ်အောင်ဆန်းစုကြည် (၃) ရက် တရားစခန်းဝင် click
- တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကြိုးပမ်းဖို့ မူအားဖြင့် သဘော တူ click
- ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ တိုက်တွန်း click
- တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် click
- အိတ်ဖွင့်ပေးစာအပေါ် အပြုသဘော ဆောင်ရွက်မှုလို့ သမ္မတအကြံပေး ရှုမြင် click
- နယ်ခြားစောင့် (၁၀) ဦး KNLA တပ်မဟာ (၇) ထံ လာရောက်ပူးပေါင်း click
- ဆက်ကြေးမပေးနိုင်၍ ဘုရားသုံးဆူ လူထုအချို့ နေအိမ်များမှ ရှောင်တိမ်းနေကြ click
- ကိုဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင် click
- ကျောက်မဲပစ်ခတ်မှုကြောင့် (၃) ဦး သေဆုံး click
- ကျောက်မဲမြို့ ပစ်ခတ်မှု အရပ်သားတွေ ထိခိုက်သေဆုံး click
- ဥရောပရောက် မြန်မာတွေရဲ့ ညီလာခံ click
- လူ့အခွင့်အရေး ဆွေးနွေးပွဲ ကျင်းပ click
- ရခိုင်ပြည်နယ်က မူစလင်တွေ ခရီးသွားခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ click
- ငါးထောင်တန် ငွေစက္ကူ သတိထားနေကြရ click
- ချင်းပြည်နယ်ကို အိန္ဒိယက ဒေါ်လာ (၂) သန်း ကူညီ click
- ဗန်းမော်ဆရာတော် ပူဇော်ပွဲနဲ့ ပဌာန်းသင်တန်း - ၂ (သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း) (ဓာတ်ပုံ) click
- ဗန်းမော်ဆရာတော် ပူဇော်ပွဲနဲ့ ပဌာန်းသင်တန်း - ၁ (သုန္ဒရာရာမ ဗြဟ္မ၀ိဟာရကျောင်း) (ဓာတ်ပုံ) click
- ၀ိသုဒ္ဓါရုံ ဓမ္မရံသီကျောင်း စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲတော် (ဓာတ်ပုံ) click
- ဘာသာသာသနာဆိုင်ရာ လှုပ်ရှားမှုများ (သီရိမင်္ဂလာကျောင်း၊ ပို့တ်လန်း) (ဓာတ်ပုံ) click
- အဆိုတော် ဒေါ်မာမာအေး အသက် (၆၉) နှစ်ပြည့်မွေးနေ့ ဆွမ်းဆက်ကပ်ခြင်း (ဓာတ်ပုံ) click
- မြန်မာနိုင်ငံ ဂီတပညာရှင်များအဖွဲ့ချုပ် (အသံလွှင့်ဆောင်းပါး) click
- စာပလွေ မောင်းမှာပိုက်ပါလို့ - အပိုင်း (၁) (ဆောင်းပါး) click
- နော်ဝေတိုက်ခိုက်မှုမှာ သေဆုံးသူတွေအတွက် အသုဘ ကျင်းပ click
- အကြွေးပမာဏတိုးရေး သဘောကွဲလွဲချက် စီးပွားရေးအပေါ် ရိုက်ခတ် click
- အမေရိကန် အကြွေးကိစ္စ တရုတ် ဝေဖန် click
- ကျောင်းမှ အသက်ကယ်ဆယ် ကျွေးမွေးနေမှု ရိက္ခာပြတ်လတ်တော့မည် click
- တဘ်လပ်ကွန်ပျူတာ ပေးမည်လော၊ အာဟာရ ပြည့်ဝစွာ ကျွေးမွေးမည်လော click
- ဒစ်ဂျစ်တယ်ပညာရေးစနစ် ကျင့်သုံးတော့မည့် တိုင်းပြည် click
- စာမေးပွဲ စိုးရိမ်လွန်စိတ် click
- သန္ဓေသားဆဲလ် ကုထုံး စတင်စမ်းသပ်မယ် click
- ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော click
- ပြင်ပတရားမ၀င်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင် တားမြစ် click
- ကစထမှူး​ (၂) ဦး​ကို အနား​ပေး​ click
- ကျောက်မဲ ပစ်ခတ်မှု (၃) ဦး သေ click
- ရှမ်း​ပြည်နယ် ​ကျောက်မဲမြို့ ပစ်ခတ်မှုအတွင်း​ (၃) ဦး​ သေဆုံး​ click
- မြန်မာစစ်တပ်အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန် ပစ်ခတ်ကြ click
- ကေအိုင်​အေ သ​ဘောတူညီချက် မရဘဲ အပစ်ရပ်​ရေး​ လက်မှတ်ထိုး​ရန် အစိုး​ရကိုယ်စား​လှယ် လွှတ်မည်ဟု ဆို click
- ကေအိုင်​အေနှင့်​ မြန်မာအစိုး​ရတပ်အကြား​ တိုက်ပွဲထပ်ဖြစ်​နေ click
- ကေအိုင်​အေကို ​သောင်း​ကျန်း​သူအဖြစ် ရှုတ်ချသည့်​ ဆွေး​နွေးပွဲ ပြုလုပ် click
- ၀ိုင်းမော်မြို့ပေါ်ရှိ ကချင်ဒုက္ခသည်များကို UDPKS စည်းရုံး click
- နယ်ခြား​စောင့်​တပ်ဖွဲ့ဝင် (၁၀) ဦး​ ​ကေအန်ယူနှင့်​ ပူး​ပေါင်း​ click
- ဆက်ကြေးမပေးနိုင်၍ ဘုရားသုံးဆူ လူထုအချို့ နေအိမ်များမှ ရှောင်တိမ်းနေကြ click
- အစိုးရက တံခါးမဖွင့်ဘဲနဲ့တော့ ကျနော်တို့ မတတ်နိုင်ဘူး (အင်တာဗျူး) click
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု (UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင် တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံယူ click
- ပညာပါရမီ​ကျောင်း​ ဖွင့်​ရန် တား​မြစ်ခံရ click
- မြောက်ဦးဘုရားများ ရှေးဟောင်းသုတေသနသို့ မပင့်တော့ click
- သမ္မတ ဦးသိန်းစိန်မှ လောကမဉ္စူ ရှေးဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ click
- ကျောက်ဖြူ အများပြည်သူပိုင် မြေကွက်များ ဗိုလ်ချုပ်ကြီးများ နာမည်ခံပြီး ဖော်ထုတ်ရောင်းစား click
- ကရင်နီဒေသခံ ခြံမြေများ သိမ်းဆည်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုမြောက်ဟု ဆို click
- ကရင်နီဒုက္ခသည်များ အပြင်သို့ အလုပ်ထွက်လုပ်ခွင့် ပိတ်မည်ကို စိုးရိမ် click
- ၀န်ကြီးချုပ် တိုင်ထောင်ခြင်း click
- တရှက်က နှစ်ရှက် (အယ်ဒီတာ့အာဘော်) click
- မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်းရေး (အယ်ဒီတာ့အာဘော်) click
- အတွေးအခေါ်နှင့် လမ်းစဉ် - အပိုင်း (၄) (ဆောင်းပါး) click
- လ ၁၃ ရဲ့ တပ်ကြပ်ကြီး (စစ်သည်တော် စာမျက်နှာ) click
- သူတို့ အချုပ်ခန်း (အောက်မေ့ဖွယ်) click
“ရှုံးရင် ထုမယ်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- တပတ်အတွင်း​ စီး​ပွား​သတင်း​ click
- အိန္ဒိယက ချင်းပြည်နယ်ဖွံ့ဖြိုးရေး ဒေါ်လာ (၆) သန်း ကူမည်ဟုဆို click
- နေပြည်​တော် တရား​မဝင်​ကျောက် သိမ်း​ဆည်း​ click
- အလုပ်ဖြုတ်ခံ သင်္ကန်း​ကျွန်း​ လင်း​ထက်စက်ရုံ ဝန်ထမ်း​များ​ကိစ္စ အဆင်​ပြေ click
- ရခိုင်ရေကြောင်းလိုင်းများ ပုဂ္ဂလိက ရရှိပြီးနောက် သင်္ဘောခ (၆) ဆထိ တိုးမြှင့်ကောက်၍ ခရီးသွားပြည်သူ များ အခက်ကြုံ click
- ဗန်းမော်-လွယ်ဂျယ်လမ်း ဆိုင်ကယ်အစီး (၃၀၀) ခန့် လှိုင်းပြေး click
- ဖုန်းအခွန်အတွက် AGD ဘဏ် အွန်လိုင်းဝန်ဆောင်မှု စတင် click
- ရေသန့်ဘူးတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ရန်ကုန်က ကမ္ဘာ့ဖလားခြေစစ်ပွဲ click
- ဘောပွဲပျက်မှု သတင်းစာထဲ မထည့် (ဓာတ်ပုံ) click
- ပရိသတ်ကြောင့် မြန်မာ့ဘောလုံးလောက ထိခိုက်နိုင် click
- မြန်မာ-အိုမန်ပွဲအကြောင်း ဖေ့စ်ဘုတ်မှာ ဘာတွေ ပြောကြသလဲ click
- မြန်မာ-အိုမန် ​ဘောလုံး​ပွဲ ရပ်ဆိုင်း​ခဲ့​ရသည့်​အ​ပေါ် အယ်ဒီတာတဦး​နှင့်​ ​မေး​မြန်း​ချက် click
- အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ (ဇူလိုင်လကုန်) click
- ဥပဒေ လျှောက်လွှာခ သတ်မှတ်နှုန်းထက် ပိုတောင်း (ပေးစာ) click
- MRTV-4 ရုပ်သံလိုင်း​ (၇) နှစ်ပြည့်​ အထိမ်း​အမှတ် အခမ်း​အနား​ ကျင်း​ပ (ဓာတ်ပုံ) click
- ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာ ဧကန်မလွဲပါ (ဆောင်းပါး) click
- ဧရာတိုင်းမှ သောကမီးလျှံများ (ဆောင်းပါး) click
- နေ့စဉ်လုပ်ခ ဘတ် (၃၀၀) တိုးပေးရန် ဖွေ့ထိုင်းပါတီနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညှိနှိုင်း click
- ကျတုပေါန်အမှုနဲ့ ပတ်သက်ပြီး ကော်မရှင်ကို တရားရုံးတင်မယ်လို့ (အဆဒတ) ခြိမ်းခြောက် click
- အမုန်းပွား စိတ်ကူးတွေးမြင်မှုနဲ့ အော်စလို ဗုံးခွဲမှု (ဆောင်းပါး) click

လမ်းမှားတဲ့ သေနတ်

လမ်းမှားတဲ့ သေနတ်
မောင်မောင်ငြိမ်းအေး

ချမ်းရှာလွန်းလို့
နှင်းဖွေးဖွေးနဲ့ ...
ဝင်ရိုးစွန်းလေ အေးအေးစက်စက်တွေကို
အမြဲခြုံထားရတဲ့မြို့။

သူများတွေလို
နေမင်းကြီးရဲ့ ရွှေရောင်ဆံနွယ်စတွေကို
နေ့ဘက်မှာ ဖြီးသင်ခွင့်မရ
ညမှသာ ပွတ်သပ်ထိနမ်းခွင့်ရတဲ့မြို့။

တမူးရလို့ တပဲလှူဆိုတဲ့အတိုင်း
နှလုံးသားတွေကို လက်ဆင့်ကမ်း
သူ့ဝမ်းနာ ကိုယ်သိ
ကိုယ့်ဝမ်းနာ သူသိပြီး
တမအေထဲက မွေးလာကြတဲ့သူတွေ
သမိုင်းလှလှ ရေးထိုးရင်း
မြို့ဂုဏ်ကို မြှင့်တင်နေတဲ့မြို့။

ရှက်တတ်တဲ့ စိတ်ကလေးကြောင့်
စကန်ဒီနေဗီးယန်းကျွန်းတွေနဲ့
ချူလင်တောင်တန်းမြင့်မြင့်တွေကြား
ခေါင်းထိုးထားတဲ့မြို့။

အတ္တလန်တိတ်သမုဒ္ဒရာရဲ့
လှိုင်းရိုက်သံ တဝုန်းဝုန်းကို ကြားနေရမှ
အမေက ချော့သိပ်သလိုမျိုး
အိပ်ရေးဝ အိပ်မက်မက်နိုင်တဲ့မြို့။

ဟစ်တလာရဲ့ စစ်ဖိနပ်ကြမ်းကြမ်းတွေကို
အမျိုးချစ်တဲ့ စိတ်နဲ့ အံတင်း
တောင်တန်း လွင်ပြင် ကျွန်းဆွယ်တွေအနှံ့ ...
သူတို့ရဲ့တေးသံတွေနဲ့
သူတို့ရဲ့အလံတွေ
တလူလူလွင့်နေနိုင်အောင်
ခါးရိုးမတ်မတ်တွေနဲ့ လွှင့်ထူခဲ့တဲ့မြို့။

အဲဒီလို ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကလေးကိုမှ
သေနတ်တလက်က
မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တယ်
အူတိုရာကျွန်းကလေးအပေါ်
မကောင်းဆိုးဝါးတွေကို အန်ချ
ဓာရဏပရိတ်တောင် မရွတ်နိုင်ရှာကြဘူးလေ
နှင်းတွေက ရဲပတောင်းခတ်လို့။

ဒီကလေးတွေက
ကလေးတွေပါ
သူတို့ ပျော်နေကြတာပါ
သူတို့ ကခုန်နေကြတာပါ
သူတို့ စားသောက်နေကြတာပါ
သူတို့ ကစားနေကြတာပါ
သူတို့ ရေကူးနေတြတာပါ
သူတို့ကို ခင်ဗျားမသိသလို
ခင်ဗျားကိုလည်း သူတို့မသိကြပါဘူး
ဘာဖြစ်လို့များ
ဘယ်လိုအတိတ်ကံအကြောင်းတွေနဲ့
အဲဒီဖြူစင်လှပတဲ့ အနာဂတ်လမင်းကလေးတွေကိုမှ
သွေးစွန်းစေခဲ့ရတာလဲကွာ။

သွားကြ သွားကြ
မကောင်းဆိုးဝါးတွေ သွားကြ
မကောင်းဆိုးဝါးတွေ သွားရမယ့်လမ်းကို သွားကြ
စတန့်ထွင်တာတွေ မလိုချင်ဘူး
စိတ္တဇဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေ မလိုချင်ဘူး
နာမည်ကြီးချင်တာတွေ မလိုချင်ဘူး
အရူးချေးပန်းလုပ်ရပ်တွေ မလိုချင်ဘူး
လက်ဝဲလက်ယာတွေ မလိုချင်ဘူး
အသက်ဝိညာဉ်တွေကို ပျက်ရယ်ပြုတဲ့
သေနတ်တွေကို မလိုချင်ဘူး
ငြိမ်းချမ်းရေးဆိုတာ
(၉၆) ပါးရောဂါပျောက်တဲ့ ဆေးပဲမဟုတ်လား
အားလုံးနဲ့ တည့်ပါတယ်။

အခုတော့
မှည့်တောင်မမှည့်လိုက်ရဘဲ
ကြွေကျသွားတဲ့ သစ်သီးတလုံးလို
ပွင့်တောင်မပွင့်လိုက်ရဘဲ
ခြွေချခံရတဲ့ ပန်းကလေးတပွင့်လို
ပျံတောင်မပျံလိုက်ရဘဲ
မြေခသွားရတဲ့ ငှက်ကလေးတကောင်လို
သစ်ပင်တွေအောက်မှာ ...
ကမ်းစပ်မှာ ...
ရေထဲမှာ ...
မြက်ခင်းစိမ်းစိမ်းတွေအပေါ်မှာ
ပက်လက်၊ မှောက်ခုံ၊ ပေါလောပေါ်မျောရင်း
ပွဲချင်းပြီးသွားခဲ့ကြ
လိပ်ပြာတွေတောင် လိပ်ပြာလွင့်စင်သွားပေါ့
မြို့ကလေးရဲ့သမိုင်း
ရိုင်းခဲ့ပြီ။

တရားဥပဒေဆိုတာ
ချိန်ခွင်သက်သက်မဟုတ်တဲ့ ဒီနိုင်ငံမှာ
Anders Behring Breivik ရေ ...
မင်းစိုက်ပျိုးတဲ့ သစ်သီး
မင်းစားသုံးရလိမ့်မယ်
အလျှောက်ကောင်းလှပါချည်ရဲ့ဆိုတဲ့
ရှေ့နေတွေလည်း
မင်းကို ကယ်နိုင်တော့မှာမဟုတ်ဘူး
မင်းတို့ဥပဒေအရတော့
အများဆုံးမှ ထောင်ဒဏ် (၂၁) နှစ်ပေါ့ကွာ
လူသားဆန်တဲ့ လူသားအားလုံးကတော့
မင်းကို ကြိုးတချောင်းရစေချင်ကြတယ်
ဒါတောင် ...
တန်သလား မတန်ဘူးလားဆိုတဲ့ကိစ္စ
စဉ်းစားရမှာကိုက မတန်ဘူးမဟုတ်လား။

ဝမ်းနည်းပါတယ်ဆိုတဲ့ ဝမ်းနည်းစကားဟာ
ဝမ်းနည်းနေတဲ့ မိသားစုဝင်တွေရဲ့
ဝမ်းနည်းမှုကို
ဝမ်းမနည်းအောင် မငြှိမ်းသတ်နိုင်ပါဘူး
ဒါပေမယ့် ...
လှိုက်လှိုက်လှဲလှဲ ရင်ထဲအသည်းထဲကနေ
ဝမ်း
နည်း
ပါ

စေ ...။ ။

မောင်မောင်ငြိမ်းအေး

အပြည့်အစုံသို့...

Thursday, July 28, 2011

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၇-၂၀၁၁)

- အန်အယ်လ်ဒီက တရားစွဲမှာမို့ အာဏာမလွှဲတာလို့ ဆို click
- SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ click
- မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီ တိုက်ခိုက် click
- SSA မြောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ် click
- မြန်မာစစ်တပ်အား စုပေါင်းတိုက်ခိုက်ရန် UNFC တိုက်တွန်း click
- အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဟု KIO ယူဆ click
- ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို click
- အရပ်ဝတ်ဖြင့် မြန်မာစစ်သည်များ ဗန်းမော် ပို့ click
- အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို့ click
- အပစ်အခတ် ရပ်စဲရေး ဒေါ်အောင်ဆန်းစုကြည် တောင်းဆို click
- အစိုးရနှင့် တိုင်းရင်းသားပဋိပက္ခ ညှိနှိုင်းဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် အသင့်ရှိ click
- အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်အောင်ဆန်းစုကြည် ကူညီရန် အသင့်ရှိ click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် တိုင်းရင်းသားများ ကြိုဆို click
- ငြိမ်း​ချမ်း​ရေး​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း​မှု နိုင်ငံ​ရေး​ပါတီများ ​ကြိုဆို click
- အဖေတူသမီး ဖြစ်မလား (အယ်ဒီတာ့အာဘော်) click
- KNU တရားသူကြီးချုပ် ဖဒိုမန်းရင်စိန်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်မလုပ်ရန် KNU တားမြစ် click
- ကလေးများ စစ်တပ်ထဲ ရောင်းစားသူ တရားစွဲခံရ click
- ကလေးတွေ ရောင်းစားမှုနဲ့ အမျိုးသမီးတဦး အမှုရင်ဆိုင် click
- ရှစ်လေးလုံးအရေးတော်ပုံမှ ပြောနေသည် (ဆောင်းပါး) click
- ဘာလဲ တရားဥပဒေစိုးမိုးရေးကိစ္စ (ဆောင်းပါး) click
- ‘မွှမ်း’ သံ ကြားရင် သတိဗျို့ … သတိ (ဆောင်းပါး) click
(ကာတွန်း အောင်မော်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
- အိန္ဒိယက ချင်းပြည်နယ်အတွက် ဒေါ်လာ (၆) သန်း ကူညီမည် click
- နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းဖို့ စီစဉ်နေ click
- မူဆယ်မြို့ ဈေးတွင်းမှ ရွှေပန်းတိမ်ဆိုင်တွေ ပြောင်းခိုင်း click
- မူဆယ်မြို့မှ နေ့စားအလုပ်သမားများ အငှားအိမ် မီးလောင် click
- ဂျူးတွေ ပြန်ဝင်လာလိမ့်လို့ အိပ်မက်သူ မိုးဆက် click
- မြန်မာနဲ့ အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြဿနာတက် click
- မြန်မာ-အိုမန်တို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ရပ်နားလိုက်ရ click
- မြန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပျက် click
- ပရိသတ် ပွဲကြမ်းလို့ ရပ်လိုက်ရတဲ့ မြန်မာ-အိုမန် ခြေစစ်ပွဲ (ရုပ်သံ) click
- ဖို့တ်ဝိန်းမြို့သို့ လေးဇီးကလပ်အဖွဲ့ ရောက်ရှိ၊ ဖျော်ဖြေပွဲအတွက် အဆင်သင့်ဖြစ်နေ (ဓာတ်ပုံ) click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- စိတ်ဓာတ် ၅၀၊ ဆေး ၅၀ (ဆောင်းပါး) click
- ထုံထောင်း ... လမ်းခွဲ (ကဗျာ) click
- လစ်ဗျားသူပုန်တပ်ဖွဲ့က ဗိုလ်ချုပ်ကြီး ပစ်သတ်ခံရ click
- သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည် click
- မြောက်ကိုရီးယားနဲ့ အမေရိကန် တွေ့ဆုံဆွေးနွေး click
- အာဖဂန်က တိုက်ခိုက်မှုတွေမှာ ဘီဘီစီသတင်းထောက် သေဆုံး click
- အိန္ဒိယကို ညှို့အားပြင်းပြင်း စွဲဆောင်ခဲ့သည့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ခါ click
- ထိုင်းပါလီမန် တနင်္လာနေ့ စတင်မည် click
- တရုတ်ရထားတိုက်မှု အချက်ပြစနစ် ချို့ယွင်းမှုကြောင့်ဖြစ် click
- လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် (၅) ဦးကို စစ်ဆေး click
- ဒေါ်အောင်ဆန်းစုကြည် တရားစခန်း ဝင်မည် click
- ပြည်တွင်း​စစ်ရပ်စဲ​ရေး​ ကြား​ဝင်​ဆောင်ရွက်မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်းလှမ်း​ click
- တိုင်းရင်းသားများနှင့် အစိုးရ ပဋိပက္ခ ညှိနှိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း click
- တိုင်းရင်းသားဒေသ စစ်ပွဲများ အမြန်ဆုံးရပ်ရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား click
- ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ click
- ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် တိုင်း​ရင်း​သား​အဖွဲ့များ​ ကြိုဆို click
- ​ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် ဒဂုန်တာရာ ကြိုဆို (မေးမြန်းခန်း) click
- ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှုကြီး​ ဘယ်လိုစတင်မလဲ click
- နယ်စပ်တိုက်ပွဲအ​ရေး​ ပါတီများ​ အကန့်အသတ်ဖြင့်​သာ လုပ်ခွင့်​ရ click
- ရှမ်း​ပြည်နယ်တွင်း​ ချုံခိုတိုက်ပွဲများ​ ဆက်လက်ဖြစ်ပွား​ click
- ရှမ်းပြည်တောင်ပိုင်းတပ်များက အစိုးရစစ်ယာဉ်တန်းကို ခြုံခိုတိုက် click
- မြေသိမ်းမှုကြောင့် ရှမ်းတိုက်ပွဲများ ဖြစ်ရ click
- KIO အား ပြည်ပကချင်အဖွဲ့အစည်းများ ငွေကြေး ကူညီ click
- မြန်မာစစ်တပ် ရန်ပြုလာမည်ကို ဖားကန့် ကချင်လူငယ်များ စိုးရိမ်နေ click
- ကရင်နီနယ်ခြားစောင့်တပ်အပေါ် စစ်တပ်မှ ယုံကြည်မှု လျော့နည်းလာ click
- ဆက်ကြေးတောင်းခံထားခြင်းကြောင့် ဘုရားသုံးဆူမြို့ခံများ ထိတ်လန့်နေကြ click
- တောလိုက်သူ ရွာသားများကို အစိုးရတပ် ထပ်မံပစ်ခတ်၍ တဦး ဒဏ်ရာရ click
- တိုက်ပွဲကြောင့် ဒေသခံတွေ အထိတ်တလန့် လုပ်ကိုင်စားသောက်နေရ (ပေးစာ) click
- အာဆီယံ ရေတပ်အကြီးအကဲများ အစည်းအဝေး ကျင်းပ click
- NLD နိုင်ငံရေးသိပ္ပံသင်တန်း အောင်မြင်စွာပြီး click
- အကျဉ်းကျ ဆရာတော် ဦစန္ဒာဝရ ကျန်းမာရေးအခြေအနေဆိုး click
- သံတိုင်များနောက်က သံဃာများ (ဝေဖန်ရေး) click
- ABSDF မှ ကျောင်းသားဟောင်းတဦး အချိန်မီ ဆေးဝါးကုသမှု မခံယူရ၍ သေဆုံး click
- ရခိုင်ပြည်နယ်က မွတ်စလင်များ​ ခရီး​သွား​ခွင့်​ရပြီ click
- ဇို(ချင်း) နွယ်ဖွားများ စုစည်းရေး နယ်စည်းခြားမှု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် မလိုလား click
- စီး​ပွား​ရေး​ပိတ်ဆို့မှုကို ကန့်ကွက်ရန် လိပ်ပြာမလုံဖြစ်ရသည်ဟုဆို click
- မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ဦးစီ ကြိုတင်ရွေးပေးရန် ညွန်ကြား click
- ဘာလဲဟဲ့ စပ်စတိန်းအေးဘဲလ် ဒီဗဲလော့မန့် (ဆောင်းပါး) click
- မြန်မာသို့ ပေးထားသော နာဂစ်အကူအညီများ ပိုမိုကြီးကြပ်ရန်လို click
- ကျောက်စိမ်း သိန်းတထောင်ဖိုး ရှမ်းပြည်တွင် ဖမ်းဆီး click
- မီဇိုရမ်တွင် ဘိန်းဖြူအဓိကဖြန့်သူ မြန်မာနိုင်ငံသား (၂) ဦးကို ဖမ်းမိ click
- သိုးမွေးစက်ရုံ နစ်နာကြေး ပြေလည်မှုရရှိ click
- လိင်ဖျော်ဖြေရေး အခိုင်းခံရသူ မြန်မာအမျိုးသမီး (၁၁) ဦးကို ကယ်တင် click
- ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာဘောလုံးပရိသတ် ရမ်းကား click
- ပရိသတ် ဆူပူ​သောင်း​ကျန်း​သဖြင့်​ မြန်မာ-အိုမန်​ဘောလုံး​ပွဲ ရပ်ဆိုင်း​ click
- ၈၈ (၂၃) နှစ်ပြည့် ထုတ်ပြန်ချက်နှင့် အခမ်းအနားအစီအစဉ် ဆန်ဖရန်ဘေးဧရိယာ မြန်မာတို့ထုတ်ပြန် click
- ဟစ်တလာနဲ့ မြန်မာပြည် click
- ထုံးစံအတိုင်း click
- RFA က ဧရာဝတီ စကားဝိုင်း (ဇူလိုင် ၂၈၊ ၂၀၁၁) click
- အတွေးအခေါ်နှင့် လမ်းစဉ် - အပိုင်း (၃) (ဆောင်းပါး) click
- ဆရာတော် ဦးဇဝနရဲ့ ရှစ်လေးလုံး ဖြတ်သန်းမှု အပိုင်း(၁) (ရုပ်သံ) click
- ဆက်ရန်ရှိသေးသည်ကို နာမည်ပြောင်းလိုက်ခြင်း (အက်ဆေး) click
- ပန်းချီ (ကဗျာ) click
- မျက်ရည်များအကြောင်း (ကဗျာ) click
- လျော်ကြေးပေးဖို့ ဖိအားပေးတာတွေ ရပ်ဆိုင်းဖို့ ဂျာမန်အစိုးရကို အဖိဆစ် သတိပေး click
- ရွေးကောက်ပွဲ အနိုင်ရသူများကို ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးပိတ် အတည်ပြုပေး click

မိုးအေး (DVB) တင်ဆက်သည့် “နိုင်ငံတကာခုံရုံးရောက် လက်ဘနွန် ၀န်ကြီး ချုပ်ဟောင်း ရာဖစ်ဟာရီရီ လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် ထူးခြားမှုများ”

နိုင်ငံရေးအကြမ်းဖက်ကျူးလွန်မှုတွေကို လေ့လာရင် ကျူးလွန်သူတွေအနေနဲ့ ဆိုးကျိုးတွေနဲ့ပဲ ပြန်ရင်ဆိုင်ရ သလို နောက်ဆက်တွဲ ရလဒ်တွေကလည်း အဆိုးတွေကိုပဲ ဦးတည်စေတာ အများသိထားပြီးသားပါ။ ဒါပေ မယ့် ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းတွေထဲက လက်ဘနွန် ၀န်ကြီးချူပ်ဟောင်း ရာဖစ်ဟာရီရီ လုပ်ကြံသတ် ဖြတ်မှုမှာ ထူးခြားတာတွေ အများကြီး လေ့လာမိကြမှာပါ။ နိုင်ငံတနိုင်ငံက နိုင်ငံရေးအကြမ်းဖက်မှုကို ပြည် တွင်းရေးသက်သက်လို့ သဘောမထားတော့ဘဲ နိုင်ငံတကာအရေးတခုလို သဘောထားလာကြတာကို လေ့ လာမိရင်း ဒီအစီအစဉ်လေးကို ဇူလိုင်လ (၂၀) ရက်နေ့က ဖန်တီးဖြစ်ပါတယ်။ အာဇာနည်နေ့အတွက် ခံစားမိ သလို ဒီပဲယင်းလို အကြမ်းဖက်မှုတွေကို ထပ်မံကျူးလွန်လိုသူတွေများ ရှိလေဦးမလားဆိုတဲ့ အတွေးနဲ့ပါ။
(မိုးအေး)

video

အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်သံ)

သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြ တွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ် ကြည့်လေသော် …

သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြ တွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ်ကြည့်လေသော် …
မောင်ချင့်ချိန်

၂၀၁၁ ခု၊ ဇူလိုင်လ (၂၅) ရက်နေ့က NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ် အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့။ စစ်ယူနီဖောင်းချွတ်တွေ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့ အယောင်ဆောင် အရပ်သားအစိုးရလက်ထက်မှာ ပထမ ဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ။ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမယ့် တကယ်တမ်းမှာတော့ ပြည်သူ တွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာမှု ဘာမှမရှိသေးတာ တွေ့ရပါတယ်။

ဘာကြောင့် စစ်အုပ်စု ဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ ပြောရလဲဆိုတော့ ပြည် ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့ သဘောထားမရှိဘူးဆို တာ လက်တွေ့သိမြင်နေရလို့ပါပဲ။

(၁) နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ။

(၂) ကရင်၊ ကချင်၊ ရှမ်း ... စတဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေ ဆင်နွှဲပြီး ပြည်တွင်းစစ်မီးကို အ ရှိန်မြှင့်နေတာ။

(၃) မကြာသေးခင် (တလတောင်မပြည့်သေးတဲ့ ဇွန်လ ၂၈ ရက်နေ့) က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာအဖြစ် ဖော်ပြပြီး ခြိမ်းခြောက် ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ ခြိမ်းခြောက်ခဲ့တာ။

(၄) ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အကြောင်းအရာတွေ ဖော်ပြခွင့်ကို ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက် အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ်လို့ ဒုတိယ သမ္မတ တင်အောင်မြင့်ဦး ကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံစဉ်မှာ တရားဝင်ပြောခဲ့တာ။

(၅) နအဖအမည်နဲ့ စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ် တွေ့ဆုံဆွေးနွေးစေခဲ့တဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ကြေညာမှု မ လုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေးကိုယ်စားလှယ်အ ဖြစ် ဆက်လက်အသိအမှတ်ပြု တာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာမှုမရှိတာ။

(၆) အမျိုးသားညီလာခံကို (၁၅) နှစ်ကြာအောင် လုပ်ခဲ့သလိုမျိုး သင့်တော်တဲ့အချိန်မှာ နောက်တကြိမ် ပြန် တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမယ့် အကြောင်းအရာနဲ့ အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှု မရှိတာ။

(၇) မုဒိမ်းကျင့်၊ ပေါ်တာဆွဲ၊ အဓမ္မစစ်သားစု၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြ ခြိမ်းခြောက်အနိုင် ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။

... စတဲ့ အချက်တွေကို ကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ်။

ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်က (၁၈) လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက်နေခဲ့ ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာ တွေ့ခဲ့တာ လဲ။ ရှင်းပါတယ်။ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့၊ ပြီး တော့ လတ်တလော လိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ ထောက် ခံချက်တွေရဖို့ နိုင်ငံရေးကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။

မေလထဲမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ အို ဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲရေး ဆောင်ရွက် ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာ ဆီယံနဲ့ လက်တွဲအလုပ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖောင်းဝတ် (၂၅ %) နဲ့ စစ်ယူနီ ဖောင်းချွတ်ပြထားတဲ့ ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူး မပေးသင့် ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ကလည်း အာဆီယံခေါင်းဆောင် တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင် ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေး မှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်က ပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေး နွေးဖို့၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားဆိုင်ရာ ဆက်နွယ်မှုအပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ရတာ တွေကို ဖြေရှင်းဖို့လိုတယ်။ အဲဒါတွေ ဆောင်ရွက်ဖို့ ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ် မှုကို ထိခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေ ကြား မှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူ တည်ဆောက်တဲ့နည်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေး ဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်းဆိုတာမျိုး က စားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း၊ တနည်းအားဖြင့် မျက် နှာချိုသွေး ဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့ တာတွေ တွေ့ရပါတယ်။ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အထွဋ်အမြတ် အာဇာနည်နေ့ကို မြို့တော်ဝန်လောက် နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေ လုပ်ခဲ့ပေမယ့် လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီး ရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဆိုတော့ သမ္မတကြီးအမည်ခံ ဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံ သူရဲ ကောင်းဗိမ္မာန်ကို တလေးတစား သွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာတွေထဲက နည်းလမ်းတခု ဆိုတာ မြင်သိနိုင်ပါတယ်။

နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ်။ စစ်အုပ်စုဟာ သူ့အ တွက် နိုင်ငံရေးအကျပ်အတည်းတွေ ကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာမျိုး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်အပ်ပြီး ဒေါ်စုနဲ့ ပထမဆုံး စတင် ဆွေးနွေးဖို့ စီစဉ်ခဲ့တာ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ၊ (၂၅) ရက်နေ့ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၇) ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကို ပစ်သတ်ခဲ့မှု၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့ စီတန်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ဖြိုခွင်းမှုတွေ ကြောင့် ပြင်းထန်နေတဲ့ နိုင်ငံတကာ ဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန် လျော့ လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့ နေအိမ်အကျယ်ချုပ်သက် တမ်းကို ထပ်တိုးခဲ့သလို အင်းလျားကန်ကို ရေကူးဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကို လက်ခံခဲ့မှု နဲ့လည်း ဒေါ်စုကို ရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ (၉) ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ် ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေး နွေးမှုရလဒ်မျိုးမှ မရှိခဲ့ပါဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲ မှာလည်း လုပ်ခဲ့ပါသေးတယ်။ မဲလိမ်မဲခိုး တဖက်သတ် အစီအစဉ်တွေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာ မှုတွေကို ဖော်ထုတ်ဖို့ နိုင်ငံတကာက စိတ်ဝင်စားနေချိန်၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အ တူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBA တပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ငြင်းဆန်ပြီး မြဝတီမြို့သိမ်း တိုက်ပွဲနဲ့ ဆန့်ကျင်တွန်းလှန်မှုတွေ ပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန်၊ မတ ရားတဲ့ ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့် ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန်၊ အဲဒီလို နိုင်ငံရေးအကျပ်အတည်းတွေ အများကြီးရှိလာတဲ့ အ ချိန်မှာ လွတ်ရက်စေ့လို့ လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိ ဒေါ်စုမိန့် ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာတွေဟာ အာရုံလွှဲဖို့ ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာ ဖြစ်ပါ တယ်။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင် ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ။ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့အထွေထွေအတွင်းရေး မှူးတယောက်အနေနဲ့လား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြု ခေါင်း ဆောင်တယောက်အနေနဲ့လား၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ လုပ်နေလို့ ပြဿနာ အေး ပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြရုံလားဆိုတာ ကျနော်တို့ တွက် စစ်ကြည့်ဖို့လိုပါတယ်။

စစ်အုပ်စုဟာ ၁၉၉၀ ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်း အလေးမထားခဲ့ပါဘူး။ ပြီး တော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေးချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ၊ ဒု-ဥက္ကဌ ဦးတင်ဦးတို့ နဲ့ ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ NLD ကို ကိုယ်စားပြု ဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်း အဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းတည်း မတည်ဆောက်နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြု ခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆို တာလည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ပြဿနာ အေး ပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အ သိုင်းအဝိုင်းကို သရုပ်ပြရုံသာ သဘောထားခဲ့ပြီး ဝတ်ကျေတန်းကျေ ဆွေးနွေးမှုအဖြစ် NLD ပါတီကို တရား ဝင် မှတ်ပုံတင်ဖို့၊ တည်ဆဲဥပဒေတွေအရပဲ လှုပ်ရှားသွားလာဆောင်ရွက်ဖို့၊ လက်ရှိအာဏာရအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့တွေ ပြောကြားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ဦးအောင်ကြည်ဆီက နှုတ်ထွက်စကား(ဆွေးနွေးချက်) ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက်ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေ ရရှိခဲ့ပါပြီလဲ။ တိုး တက်မှုတွေ ရှိလာတယ်လို့ နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်တောင် ထွက်ခဲ့ပြီးပြီဆိုတော့ ဘာရလဒ် တွေ ရခဲ့ပြီလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကို ကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ။ NLD ပါတီရဲ့ အထွေ ထွေအတွင်းရေးမှူးအဖြစ်နဲ့ပဲ ဆွေးနွေးခဲ့တာလား၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား၊ စစ်ပွဲ တွေဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေကို ကိုယ်စားပြုပါသလား၊ အတိုက်အခံပါတီတွေ၊ ဒီမိုကရေစီရေးအင် အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ၊ နောင်ထပ် နှစ်နဲ့ချီ ကြာတဲ့အထိ ဒီဆွေးနွေးပွဲကို အချိန်ဆွဲမယ်ဆိုရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြား မှာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံဆောင်ရွက်ဖို့ လို ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ရလဒ်ကောင်း တွေ ရခဲ့ပါတယ်ဆိုတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းခံနေကြရ တုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ျားတွေ ပေါ်တာဆွဲခံပြီး မိန်းမတွေ မုဒိမ်းကျင့်ခံနေကြရတုန်း၊ စစ် ဘေးစစ်ဒဏ်သင့်နေတဲ့ ကျေးရွာတွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေ အိုးအိမ်အခြေမဲ့ ပြေး လွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ်။ ဘကြီးအောင်ရဲ့အညာဇာတ်လမ်းမှာ ရွှေ ရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်း အသက်ဆုံးသွားရတဲ့ မောင်ချစ်လို အဖြစ်မျိုးဟာ ပုံနှိုင်းအတုယူစရာပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘဲ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေမပါဘဲ၊ တိကျရေရာတဲ့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ ဘယ်လိုမှမဖြစ် နိုင်ပါဘူး။ ဒီတော့ စစ်အုပ်စုရဲ့ အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုး မဖြစ်စေဘဲ ပါးနပ် လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေပါတယ် ဆိုတာထက်ပိုတဲ့ ဦးဆောင်မှုမျိုးဖြစ်ဖို့ လိုနေတယ်ဆိုတာ အဖြေ ရှာတွက်စစ်လို့ ရပါတယ်ဆိုတဲ့အကြောင်း …။

အင်အားတူ အခြေအနေမရှိရင် စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ။


မောင်ချင့်ချိန်
အပြည့်အစုံသို့...

No comments:

Post a Comment