Friday 10 June 2011

ပုဂံ ကို ဘယ်သူဖျက် . တရုတ်ဖျက်.သတဲ့


ကျနော့်မှာ ကွန်ပြူတာအစုတ်ကလေးတလုံးနဲ့ အင်တာနက်လေးလဲရှိတော့ သတင်းတွေ.ဘလောက်ဒ်တွေ ၀က်ဆိုက်ဒ်တွေကိုလဲ ညစဉ်လိုလိုကြည့်
ဖြစ်ခဲ့၏ ..မြန်မာပြည်မှာ လူအများပြောဆိုနေကြသော အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ..ဦးသိန်းစိန်အစိုးရ က အရပ်သားအစိုးရ တဲ့လား..?
ကျနော်နားလည်သည်မှာကား အရပ်သားအစိုးရ သည် အရပ်သားဆန်ရပေလိမ့်မည်၊ အာဏာရှင်မဆန်ရပါ..ကမ္ဘာပေါ်ရှိနို
င်ငံအများစုတွင် အစိုးရ
တရပ်ပေါ်ထွန်းလာတိုင်း အကျဉ်းသားများအား( amnesty )ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ကြီးကိုပေးကြစမြဲဖြစ်၏..ပေးလဲပေးခဲ့ကြ၏ ..ယုံကြည်ချက်
ကြောင့်အကျဉ်းကျခံနေရသော နိုင်ငံေ၇းအကျဉ်းသားများကိုတော့ပိုလို့ပင်ပေးတတ်ကြသည်၊အဘယ်ကြောင့်ဆိုသော်၎င်းတို့သည်ရာဇ၀တ်မှု့ကျုးလွန်
ကြသူများမဟုတ်ကြ..မိမိယုံကြည်ရာကို မစွန့်မလွှတ်ဘဲ ဇွဲနဘဲဖြင့်မိမိယုံကြည်ချက်ပန်းတိုင်ကိုဆုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။
ထိုသို့သောသူတို့အားကျနော်တို့မြန်မာနိုင်ငံရှိပေါ်လာသော အများပြောကြသည့်အရပ်သားအစိုးရ ခေါ် ယူနီဖေါင်းချွတ်စစ်ဗိုလ်လူထွက်ဦးသိန်းစိန်
အစိုးရသည် ဘယ်သူအသိအမှတ်ပြုပြု မပြုပြု တရုတ်ကြီး အသိအမှတ်ပြုရင်ပြီးရောဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်( amnesty) နှင့် လျှော့ပေါ့ပြစ်ဒဏ်
ကို ကွဲကွဲပြားပြားနားလည်ပုံမပေါ်၊ လွတ်ငြိမ်းချမ်းသာခွင့် ကိုခေါင်းစဉ်တပ်ပြီး လုပ်ချလိုက်လေတော့သည်၊ကမ္ဘာနှင့်မြန်မာပြည်တွင်းကပါ အုံးအုံးကျွတ်
ကျွတ် .ဝေဖန်သံ ..ဆဲသံ ဆိုသံ ပြစ်တင်ဝေဖန်သံများဖြင့် ဆူပွက်သွားလေတော့သည်၊ ထိုထိုဆူသံပွက်သံ ဝေဖန်သံ ပြစ်တင်သံများကို ယခင်စစ်အာဏာ
သိမ်းစစ်အုပ်စုကဲ့သို့ ပင် မျက်နှာပြောင်တိုက်၏.. အရပ်သားများစကားနှင့်ပြောရသော် တော်တော်မျက်နှာပြောင်၏ .အရှက်မဲ့၏ ..ဂုဏ် နှင့်သိက္ခာ ကို
နားမလည်သော.. ဗိုလ်သန်းရွှေစစ်အုပ်စု နှင့် အတူတူပင်ဖြစ်တော့လေသည်။ ထို့ကြောင့်ဦးသိန်းစိန်အစိုးရအား အရပ်သားအစိုးရဟု မျက်နှာပြောင်တိုက်
ပြီးကင်မွန်းတပ်ကြသော .ခေါ်ကြကုန်သော သတင်းဌာနများ..ရွေးကောက်ပွဲဝင်ဒီမိုကရေစီအမည်ခံပါတီများတို့သည်လည်း တဖြည်းဖြည်းနှင့် မျက်နှာပြောင်
လာပြီးဟုကျနော် မြင်မိတော့သည်၊ ကျနော်တခါရေးခဲ့ဘူးသော ငသလောက်ပေါင်းအစိုး ရ နှင့် အနာဂတ်မြန်မာနိုင်ငံတော် ဆောင်းပါးထဲကလို အခါ
အခွင့်သင့်က ပေါင်းစားရန်ချောင်းမြောင်းရုံကလွဲပြီး ပြည်သူလူထုအတွက်.ဘာများလုပ်ပေးခဲ့ပါသနည်း၊.စစ်အာဏာရှင်အကြိုက် အနောက်ကပိတ်ထားသော
(sanction) ပြန်ဖွင့်ေ၇းလောက်သာ အာရုံထားခဲ့ကြလေသည်မှာ လက်တွေ့ သူတို့လုပ်နိုင်တာဒါပဲရှိတော့သည်၊ ရွေးကောက်ပွဲအကြိုမဲဆွယ်ကာလ က
ဒင်းတို့ပြောသံများ ဖြစ်သော ..အထဲရောက်မှာ ပြင်ယူမည်.. အထဲရောက်မှ ပူးသတ်မည်.လုံးသတ်မည် ဟု လူဗြိန်းကြိုက်စကားများကိုသာတွင်တွင်ပြောပြီး
လက်တွေ့တွင်မူ ( sanction )ရုပ်သိမ်းေ၇းကို သန်းရွှေ ကိုယ်စား သိန်းစိန်အစိုးရ ကိုယ်စား သူတို့အကြိုက်လိုက်ပြောနေရတော့သည်။ ဒါနဲ့များ အရှက်မရှိ
ပူးသတ်မယ်..လုံးသတ်မယ်.အထဲရောက်မှ ပြင်ယူမယ်..ဆိုသူရွေးကောက်ပွဲဝင်အတိုက်အခံပါတီတို့အဖြစ်သည် ထိုင်နေရင်အကောင်းသား ထ သွားမှ အကျိုး
မှန်းသိ ဆိုတာလိုဖြစ်နေတော့သည်၊တလောက ရွေးကောက်ပွဲဝင်ရှုံးနှိုမ့်သူ သုံး ဦး လား လေးဦးလားမပြောတတ်..ထွင် စရာမရှိ ကြံဖန်ပြီး စတန့်ထွင် ပြန်
လေသည်။ အကြောင်းမှာ မိမိဆန္ဒဖေါ်ထုတ်ရန် အတွက် စာတင်ခြင်းဖြစ်သည်၊ စာတင်တာကိုမပြောလို ...ရေးသားထားသည်ကား ..လမ်းညွန်မှု့ပေးပါရန် တဲ့.      .အော်..မိမိဆန္ဒ ဖေါ်ထုတ်ခွင့်ကို လမ်းညွန်မှု့  တောင်းနေခြင်းသည် ကား  မသင့်တော်သော စကားလုံးအသုံးအနှုန်းဖြစ်သည်၊ လမ်းညွန်မှု့တောင်း
မှာ အတူတူ ဆိုရင်တော့ သူတို့ခိုင်းတာသာ လိုက်လုပ်ရုံသာရှိတော့သည်
၊ အံ့သြလေ စွ ... စကားလုံးသုံး တာတောင်အတိုက်အခံ မပီသ .သိန်းစိန်ပြော
သမျှ နာခံအသင့် လို့ မပြောရုံ တမယ်သာ ကျန်တော့သည်၊ ပြည်သူလူထု ကြီး အားကိုးလောက် သော ရွေးကောက်ပွဲဝင် အတိုက်အခံတို့အစွမ်းအစ အရည်
အချင်းပင်ဖြစ်တော့သည်၊ ထို့ကြောင့် ပင် ၄င်းတို့ ပါတီရွေးကောက်ပွဲကာလတွင် အနိုင်မရဘဲ ပိုးလို့ပက်လက် ၀က်ဝက်ကွဲအောင် ရှုံးတော့သည်၊ ရှက်ဖွယ်လိ
လိ....
ယခု ..ဦးသိန်းစိန်သည် ဘယ်သူအသိအမှတ်ပြုပြု မပြု ပြု သူတို့ အင်မတန်အားကိုးသော တရုတ်ကြီး ဆီသို့ ဦးစွာတိုင်းခန်းလှည့်လည်ရင်း ပိုက်ဆံချေးထွက်
တော့ သည်၊  တရုတ်ကလဲ လျှင်၏ ပါး၏ နပ်၏ ..ဒီကောင် ပိုက်ဆံချေး လာတော့မည်ဆိုတာကို ကြိုသိထား၏ ..လွယ်လင့်တကူ ဒေါ်လာသန်း ၇၀၀ ထုတ်
ချေးလိုက်၏ ..ငွေချေး ပြီး ရုံ တင် တရုတ်ကြီးက အားမရသေးချေ ၊ နားလည်မှုစာချွန်လွှာဟု သုံးနှုန်းပြီး တဖက်သတ်အသာစီး ဖြင့် စာချုပ်စာတန်းများကို
တသီတတန်း ကြီး ပိတ်ထိုးပေးလိုက်သည်၊ ထို့အထဲ တွင် တရုတ်ကြီး ၏ ရင်းနှီးမြုပ်နှံမှု့ကြီးသော စီမံကိန်းကြီးများတွင်  တတိုင်းပြည်လုံးက အော့နှလုံးနာ
နေသော စစ်အုပ်စုယူနီဖေါင်းချွတ် သိန်းစိန်အစိုးရအားမယုံကြည်သောကြောင့် လုံခြုံေ၇းအကြောင်းပြကာ တရုတ်လက်နက်ကိုင် စစ်တပ် အား ၀င်ရောက်
တပ်ဆွဲခွင့်ပါ သဘောတူထားပေးရခဲ့ရလေတော့သည်၊ ၄င်းအပြင် စစ်တပ်အတွင်းမကျေနပ်မှု့များဖြင့်သန်းရွှေ၏ ဒါရိုက် ဆွဲခန့် ကာချုပ်အသစ် မင်းအောင်
လှိုင် က လည်း တရုတ်ကြီး နှင့် စစ်ေ၇းအရ ပူးပေါင်းဆောင်ရွက်၇န် သဘောတူထားလေသည်၊  ဆိုတော့ တရုတ်ကြီးသည် မြန်မာပြည်အား စီးပွားေ၇းတင်
မဟုတ်တော့.. နိုင်ငံေ၇းအရ ပါ သူများပြည်တွင်းတွင် ဗြောင်ကျကျ ၀င်ေ၇ာက်ခြယ်လှယ်လာတော့သည်၊ နိုင်ငံတကာကို မြန်မာပြည်အတွက် တရုတ်ကြီးက
ဗြောင်ကျကျ နိုင်ငံေ၇းအရ ကာကွယ်ပေးမည်၊ ၄င်းနောက်တရုတ်ကြီးက သန်းရွှေနှင့် သိန်းစိန်တို့အား နောက်ကွယ်မှ နဖားကြိုးထိုး၍ စီးပွားရေး အကြောင်း
ပြ ပြီး မြန်မာ့နိုင်ငံေ၇း၊စီးပွားရေးများကို စေလိုရာစေ နိုင်ဖို့ တရုတ်စစ်တပ်ပါ သွင်းလာလေတော့သည်၊သတင်းများတွင်မန္တလေးဖက်ရှိ အကွက်အကွင်း
ကောင်းသောမြို့လယ်ခေါင်နေရာများတွင် ငွေမဲများကိုခ၀ါချသောအားဖြင့်ဈေးကောင်းပေး၍၀ယ်ယူထားကြပြီးလေပြီ။ မိန်းမနှင့် အပျော်အပါးလောင်းကစား
ကြိုက်သော တရုတ်များအတွက်လောင်းကစားဒိုင်များ နှင့် ( သတိုးသမီးရှာဖွေေ၇း ) ဆိုသော လူမှောင်ခိုဂိုဏ်း အဖွဲ့အားလည်းစစ်အစိုးရကပင်မသိကျိုးကျွံ
ပြုကာထောင်ထားစေ၏ .တရုတ်ထိလျှင်သေနတ်ကြည့် လုပ်တော့မည်၊ လုပ်လဲလုပ်နေပြီဖြစ်သည်၊ ကျနော်တို့၏ ရာဇ၀င်၌ လွတ်လပ်ေ၇းကြိုးပမ်းမှု့တွင်
ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ကိုမုန်း၍မဟုတ်၊ အင်္ဂလိပ်၏ ကိုလိုနီနယ်ချဲ့ခြင်းနှင့်မတရားစိုးမိုးအုပ်စိုးခြင်းကို မခံချင်သောကြောင့်ဖြစ်သည်ကိုတွေ့ရှိရ
လိမ့်မည်၊ယခု ကျနော်တို့ မြန်မာပြည်တွင်တရုတ်ကြီးသည် စီးပွားရေးကိုလိုနီနယ်ချဲ့ခြင်းနှင့်အတူ သန်းရွှေ သိန်းစိန်လူသတ်အစိုးရ မှတဆင့် သွယ်ဝိုက်သော
အားဖြင့် အုပ်ချုပ်လာတော့မည်မှာမြေကြီးလက်ဝါးရိုက် မလွဲဖြစ်တော့မည်မှာသေချာနေပြီဖြစ်သည်၊
ရာဇ၀င်သမိုင်းများတွင် ယနေ့တိုင်အထင်အရှားရှိလေသည်၊  ယနေ့ပါကစ္စတန် နိုင်ငံသည် ..ဟိုးယခင်အခါ က စေတီပုထိုး ဘုရားများနှင့် ဂန္ဒာရီအတတ်တို့
ဖြင့် ထွန်းကားကာ သာသနာ တော်ဝေဖြာခဲ့ဘူးသည်ကိုသမိုင်းများတွင်ရှိ၏ .. သိုသော် ..(white han ) ဟုခေါ်သော တရုတ် လူမျိုးများဝင်ရောက်ကျုးကျော်
ဖျက်စီးခဲ့သဖြင့် သာသနာတော်ကွယ်ပျောက်ကာ ယနေ့တွင်မူ ပါကစ္စတန်နိုင်ငံတော်ဟု ပေါ်ထွန်းလာခဲ့လေတော့သည်၊ ကျနော်တို့ရာဇ၀င်သမိုင်းများတွင်
ကား ပုဂံ ပြည် ကြီးသည် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားအပေါင်းစုံဖြင့် စည်ပင်သာယာဝပြောခဲ့ဘူးသည်ကိုရာဇ၀င်၌လည်းအ
ထင်အရှားရှိလေသည်၊ သို့သော် .. ထိုသို့ စည်ပင်သာယာဝပြောသော ပုဂံပြည်ကြီးသည်ပင် နရသီဟပတေ့ မင်းခေါ် တရုတ်ပြေး မင်းလက်ထက်တွင်ယဉ်
ကျေးမှု့နှင့်.စီးပွားေ၇း နိုင်ငံေ၇းများပါ တစစ အစိတ်စိတ်အမွှာမွှာ ပျက်စီးယိုယွင်းပြီး  စည်ပင်သာယာဝပြောသော ပုဂံပြည်ကြီး ပျက်သုန်းရလေတော့သည်၊
ယနေ့မျက်မှောက်ကျနော်တို့မြန်မာနိုင်ငံတွင်လည်းကြည့်ကြပါအုန်းစို့...
တရုတ်ကြီးသည် သန်းရွှေ အား နောက်ကွယ်မှကြိုးကိုင်ကာ  သန်းရွှေမှ သည် သိန်းစိန် အစိုးရ သို့ ...သွယ်ဝိုက်သောနည်းဖြင့်ကြိုးကိုင်စေစားလျှက်မြန်
မာနိုင်ငံကြီးနှင့် မြန်မာနိုင်ငံလူမျိုးအားလုံးအား တစစနှင့် စီးပွားေ၇းအကြောင်းပြ ကာ စီးပွားရေးမှသည် နိုင်ငံေ၇းဆီသို့တဖြည်းဖြည်းချဉ်းကပ်ကျုးကျော်
ဝင်ရောက်ချုပ်ကိုင်လာသည်မှာယနေ့ မကြာသောကာလများတွင် တရုတ်လက်နက်ကိုင်တပ်များအရင်းအနှီးကြီးစီမံကိန်းကြီးများ၏ လုံခြုံေ၇းအကြာင်းပြ
ကာ ၀င်ရောက်လာတော့မည်၊ ကျနော်တို့မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းအားလုံးမှာ တဖြည်းဖြည်းနှင့် ရွာဖျက်ခံရ၊ မြို့ဖျက်ခံရ၊ လယ်သိမ်းခံရ၊
မြေအသိမ်းခံရ၊ နှင့် တရုတ်ကြီးနှင့် စစ်အာဏာရှင်အုပ်စုတို့ပူးပေါင်းဆောင်၇ွက်မှု့ဖြင့် လုံးပါးပါးကာ ရွာပျောက်၊ မြို့ပျေက်နှင့် လူမျိုးပါပျောက်တော့မည်မှာ
မလွဲမသွေဖြစ်လာတော့မည်မှာသေချာနေပြီမို့ စစ်အာဏာရှင်နှင့်ပူးပေါင်းနယ်ချဲ့လာသူတရုတ်တို့အား အကြမ်းမဖက်သောနည်းဖြင့်သော်၎င်း၊ လက်နက်
ကိုင်အကြမ်းဖက်သောနည်းဖြင့်သော်၎င်း. ညီညီညွတ်ညွတ်ဖြင့် တော်လှန်၇တော့မည်မှာမုချဖြစ်ပါကြောင်း သတိပေးတင်ပြအပ်ပါသည်။
ပုဂံ ကို ဘယ်သူဖျက် တရုတ်ဖျက် ခဲ့ပြီး ပြီမို့  ..အခုတခါ.. မြန်မာပြည် ဘယ်သူဖျက် တရုတ်ဖျက် . ဆိုတဲ့ ရာဇ၀င်မှာစာမတင်အောင်ဝိုင်းဝန်းတော်
လှန်ကြပါစို့ လို့ တိုက်တွန်းရင်းဖြင့်..)



                                                                                                      ကျနော် .. စစ်ကိုနိုင်၈၈၈၈  ပါ ..

No comments:

Post a Comment